တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းက လက်နက်ကြီးပစ်ခတ်၍ လူနေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီး


  • ရေးသူ: Web Master (NN 10)
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 985

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ ၅၅၀ တပ်ရင်းက ယနေ့ နံနက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ရသေ့တောင်လမ်းဆုံအနီး လူနေအိမ်နှင့် အဆောက်အဦအချို့ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်လမ်းဆုံအနီး ဦးကံဝင်းနေအိမ်၊ ပညာပါရမီ ဘုန်းတော်ကြီးကျောင်း ခြံ၀န်းအတွင်းပိုင်းနှင့် ရွှေအိမ်သာ တည်းခိုခန်းဝန်းထဲတို့တွင် နိုဝင်ဘာ ၂၀ ရက်၊ မနက်အစော ၅ နာရီခန့်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ပျက်စီးသွားခြင်းဖြစ်သည်။

ရသေ့တောင်လမ်းဆုံအနီး နေထိုင်သူတစ်ဦးက "မနက်ကပစ်တာက လက်နက်ကြီးကျည် သုံးလုံးပစ်တာပါ။ ညတုန်းက ၆ နာရီကျော်လောက်ကလည်း ပစ်သေးတယ်။ မနက်ပိုင်းပစ်တဲ့ကျည်ကြောင့် ပျက်စီးသွားတာပါ"ဟု နိရဉ္စရာကို ပြောသည်။

အဆိုပါဖြစ်စဥ်ကြောင့် လူအထိခိုက် မရှိခဲ့ဟု သိရသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ပေါ် ရှိ ဒေသခံအချို့မှာ နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်နေကြရသည်။ (NN - 10)

ဓာတ်ပုံ - ပေးပို့



ဆက်စပ် သတင်းများ