စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တိုက်ပွဲနှင့် စစ်ကောင်စီလက်နက်ကြီးကိုကြောက်၍ ရခိုင်ကမြို့နယ် (၉)ခုတွင် စာသင်ကျောင်း ရာနှင့်ချီပိတ်ထားရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၁ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်တွင်လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများအပါအဝင်စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်  ရမ်းသန်းပစ်ခတ်နေမှုကြောင့်မြို့နယ် () ခုတွင်စာသင်ကျောင်းများရာနှင့်ချီပြီးပိတ်ထားရသည်ဟုသတင်းရရှိသည်။

ကျောင်းပိတ်ထားရသည့် မြို့နယ်()ခုမှာ မင်းပြား၊ ပေါက်တော ရသေ့တောင် ပုဏ္ဏားကျွန်း၊  ကျောက်တော်၊မြောက်ဦး မောင်တော၊ ဘူးသီးတောင်နှင့် အမ်းမြို့နယ်တို့မှ ကျောင်းတချို့ပါဝင်သည်ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ပေါက်တောမြို့ပေါ်မှာဆိုရင် ကျောင်းတွေ အကုန်လုံးပိတ်ထားရပါတယ်။ မင်းပြားမြို့ပေါ်မှာလည်း ဒီအတိုင်းပါပဲ။ နယ်တွေမှာလည်း ဆရာ ဆရာမတွေ စိုးရိမ်ပြီး ကျောင်းမလာကြတော့ ကျောင်းတွေ ပိတ်ထားရပါတယ်ဟု ၎င်းက ပြောသည်။

 ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက်စပြီး ရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူ သောင်းနှင့်ချီပြီး စစ်ရှောင်နေကြရသဖြင့် စာသင်ကျောင်း အများအပြားကိုလည်း ပိတ်ထားရသည်။  

 

ရသေ့တောင်မြို့ခံတစ်ဦးက " အစိုးရက တရားဝင်စာထုတ်ပြန်ထားလို့ ပိတ်ထားတာတော့ မရှိပါဘူး။ဒါပေမယ့် ပညာရေးဝန်ထမ်းတွေလည်းအခုချိန်မှ စစ်ဘေးတိမ်းရှောင် နေကြရတယ်။ အဲ့ဒီတော့ ကျောင်းတွေလည်း မလာနိုင်ကြတော့ပါဘူး" နိရဉ္စရာသတင်းဌာနကိုပြောသည်။

 

စစ်ကောင်စီက နေ့စဉ်လိုလို လက်နက်ကြီးငယ်များဖြင့်ရမ်းသန်းပစ်ခတ်နေသည့် မင်းပြားမြို့တွင်လည်း တစ်မြို့လုံး နီးပါးတိမ်းရှောင်နေရသလိုစာသင်ကျောင်းများနှင့် စျေးဆိုင်များပါ ပိတ်ထားရသည်ဟု မင်းပြားမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

 

" စကစတွေက နေ့တိုင်းလိုလို လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ဖြိုပစ်နေတာ ဘယ်သူက ကျောင်းတက်ရဲပါ့မလဲ။ အိမ်မှာတောင် နေရဲတာ။ ကျောင်းမှာဆို ကလေးတွေအတွက် ပိုစိုးရိမ်ရတာပေါ့။  ဆရာ/ဆရာမတွေလည်း ကျောင်းမလာနိုင်ကြတော့ဘူး "ဟုပြောသည်။

 

စစ်တပ်က ဖမ်းဆီး သတ်ဖြတ်မည်ကို စိုးရိမ်၍ တစ်မြို့လုံးနီးပါး မြို့ကို စွန့်ခွာခဲ့ကြရသည့် ပေါက်တောမြို့ပေါ်တွင်လည်း ကျောင်းများအားလုံး ပိတ်ထားရပြီး ပညာရေးဝန်ထမ်းများကို စစ်တပ်က ဖမ်းဆီးထား ပိုစိုးရိမ်စရာ ဖြစ်နေကြရသည်ဟု ပေါက်တောမြို့မှ ပညာရေးဝန်ထမ်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦး အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

 

"ကျမအစ်ကိုလည်းကျောင်းဆရာ။  သူနဲ့အတူဖမ်းဆီးခံထားရတဲ့ ကျောင်းဆရာမတွေလည်း ရှိပါသေးတယ်။ ပညာရေးအတွက်လည်းနစ်နာတယ်။ မြို့ပေါ် လူလည်းမရှိဘူး။ ကျောင်းတွေလည်း အကုန်ပိတ်ထားပါတယ်" ဟုပြောသည်။

 

မောင်တောမြို့မှ ပညာ‌ရေးဝန်ထမ်းတစ်ဦးက" တိုက်ပွဲဖြစ်နေတော့ ကလေးတွေရဲ့ မိဘ‌တွေကလည်း စိတ်ပူပန်တာ တစ်မျိုးရှိသလို  ဆရာ ဆရာမ‌တွေလည်း ကျောင်းမသွားကြပါဘူး" ဟုပြောသည်။

 

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း စုစုပေါင်း ,၁၉၃ ကျောင်းရှိပြီး ထိုအထဲတွင် ခြေခံပညာ အထက်တန်းကျောင်း (၄၈၇)ကျောင်း၊ အလယ်တန်းကျောင်း(၁၁၇၁)ကျောင်း နှင့် မူလတန်းကျောင်း (၁၅၃၅)ကျောင်း ရှိကြောင်း သိရသည်။

 

ရခိုင်တွင် လက်ရှိကျောင်းပေါင်းရာနှင့်ချီပြီး ပိတ်ထားရသည်ကို နိရဉ္စရာသတင်းဌာန အနေဖြင့် အတည်ပြု နိုင်သော်လည်း အရေအတွက် အတိအကျကိုမူ ပြည်နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မရသဖြင့် တင်ပြနိုင်ခြင်း မရှိသေးပါ။(NN-11) 

ဆက်စပ် သတင်းများ