Preview

ရခိုင်ရှိ တကျော့ပြန်စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိက ပစ်မှတ်ထားစစ်ဆေးဖမ်းဆီး

နိုဝင်ဘာ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :1374
ရခိုင် သတင်း

ရခိုင်တွင် စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီတပ်က အမျိုးသားများကို အဓိကပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးနေသည်ဟု သိ၇သည်။ 

ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြကာ ညဘက်ဝင်ရောက်စစ်ဆေးမှုများကို အောက်တိုဘာလကတည်းက တင်းတင်းကျပ်ကျပ်လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲများ ပြန်လည်စတင်လာချိန်တွင် အမျိုးသားရေးလှုပ်ရှားသူများ၊ လူမှုရေးလှုပ်ရှားသူများ၏ နေအိမ်များကို ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများက ပြောသည်။ 

လက်ရှိတွင် စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ ၊ တောင်ကုတ်၊ သံတွဲ စသည့် ရခိုင်မြို့နယ်မှ အရပ်သား ၁၀၀ ကျော် စစ်ကောင်စီတပ်ထံတွင် ဖမ်းဆီးခံထားရကြောင်း သိ၇သည်။ 

ယင်းသို့ ဖမ်းဆီးခံ၇သူများထဲတွင် အမျိုးသား ၉၀% ဖြစ်သည်ဟု ကျောက်ဖြူမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

"အခု အဖမ်းခံနေ၇တဲ့အထဲမှာ အမျိုးသားက ၉၀% ပေါ့။ စစ်ရေးဆိုတော့ အမျိုးသားကိုပဲ သူတို့အဓိက ပြစ်မှတ်ထားပါတယ်။ လူမှုရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကို လိုက်ဖမ်းနေတော့ ကျနော်တို့လည်း ရှောင်နေတာ ကြာပြီ" ဟု ဆိုသည်။ 

ဖမ်းဆီးစစ်ဆေးရာတွင် အေအေဆက်စပ် သံသယဖြင့် အမျိုးသားများကို အဓိကပစ်မှတ်ထား စစ်ဆေးဖမ်းဆီးကြောင်း ကျောက်တော်မြို့မှ ရှောင်တိမ်း နေ၇သူတစ်ဦး၏ အမျိုးသမီးက ပြောသည်။ 
"အခုက ကျောင်းသားတွေကိုရော၊ ဆရာမတွေကိုရော ဖမ်းဆီးတာရှိလာတယ်။ ဒါပေမယ့် အမျိုးသားဆိုရင် ပိုပြီး အာရုံစိုက်ခံရတော့ ရွာမှာ သူတို့ဝင်စစ်တာမျိုးဆို အမျိုးသားတွေ အကုန်လုံးနီးပါးရှောင်ပြေးကြရတယ်။ ကျမ အမျိုးသားဆိုရင်လည်း ရှောင်နေရတာ စစ်မဖြစ်ခင်ကတည်းကပဲ။ တစ်လလောက်တောင် ရှိပြီ" ဟု ပြောသည်။ 

စစ်တွေတက္ကသိုလ်မှ သင်္ချာကျောင်းသားတစ်ဦးကလည်း "စစ်ဖြစ်ရင်တော့ အကုန်လုံးဒုက္ခရောက်တာမှန်တယ်။ အမျိုးသားကတော့ ပိုပြီး ဖိအားများပါတယ်။ စစ်ဆေးရင်တောင် အမျိုးသမီးတွေထက် အမျိုးသားတွေ အဓိကစစ်ဆေးခံ၇တယ်။ သူတို့က အမျိုးသားတွေကို အဓိကပစ်မှတ်ထားတာကို။ ကျနော်တို့ဆို စနောက်တာတွေတောင် ရှိတယ်ပေါ့နော်။ တခုခုဆို စကပ်ဝတ်ပြီး နေ၇မလားမသိဘူးလို့" ဟု ပြောသည်။ 

ရခိုင်တွင် တကျော့ပြန် တိုက်ပွဲကာလအတွင်း လက်ရှိရရှိသော အချက်အလက်များအရ စစ်တွေတွင် စစ်ဘေးရှောင်များ၊ အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သိ၇သည်။ 

ယင်းအပြင် ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် မြို့ခံ ၄ ဦး နှင့် တောင်ကုတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် မြို့ခံ ၁၁ ဦး၊ သံတွဲမြို့ခံ ၆ ဦးတို့ကိုလည်း စစ်ကောင်စီတပ် က ဖမ်းဆီးသွားကြောင်း သိ၇သည်။ 

ပေါက်တောမြို့နယ်တွင် ဒေသခံ ၁၀၀ ကျော်အား စစ်ကောင်စီတပ်က လောကထိပန်ဘုရားအနီး ဓားစာခံအနေနဲ့ ဖမ်းဆီးထားသည်ဟုလည်း ဒေသခံများက ပြောသည်။ 

၇ခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလအတွင်းကလည်း စစ်ကောင်စီသည် ရခိုင်က အရပ်သား ၅၉၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။
ထို့အပြင် ယခုဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဦးရေ နှစ်သောင်းခြောက်ထောင်ကျော်ထိ ရှိလာပြီး ယင်းအထဲမှ ထက်ဝက်ကျော်သည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်းအရေအတွက် စာရင်းကောက်ယူနေတဲ့သူက ဆိုပါသည်။

ကျောက်ဖြူနှင့် တခြားမြို့နယ်များတွင် ထပ်မံဖမ်းဆီးခံထားရသည်ဟု သတင်းများထွက်ပါ်နေသာ်လည်း နိရဉ္စရာအနေနှင့် အတည်မပြုနိုင်သေးပါ။

၇ခိုင်ပြည်နယ်တွင် နိုဝင်ဘာလ (၁၃) ရက်နေ့အထိ သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိပြီး လူဦးရေ ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန် သည်။ 


#ရက္ခိုင့်တပ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.