Preview

စစ်တွေမြို့ အခြေစိုက်တပ်ရင်းက အဆက်မပြတ်လက်နက်ကြီးများပစ်ခတ်

နိုဝင်ဘာ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :3563
ရခိုင် သတင်း

“လက်နက်ကြီး အသံများကြောင့် စစ်တွေလူထုအတွင်း အထိတ်တလန့်ဖြစ်ကြ၇”  

ရခိုင်ပြည်နယ်မြို့တော် စစ်တွေအခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုက ပေါက်တောမြို့ဘက်ကိုလက်နက်ကြီးများဖြင့် လှမ်းပစ်နေသဖြင့် ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်နေသည်ဟု ဒေသခံများက  နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

၎င်းပစ်ခတ်မှုကို ယနေ့နိုဝင်ဘာ ၂၁ ရက် ညနေ  ၃နာရီခန့်ကစတင်ကြားခဲ့ရသည်ဟု စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

 

" ဒုတိယတစ်လုံးကပိုပြင်းတယ်။ အိမ်တွေတောင်တုန်ခါသွားပါတယ်။ လမ်းမှာရှိတဲ့လူတွေဆိုရင်ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ အခုထိ သူတို့က ပစ်နေတယ်။ ပေါက်တောဘက်ကို ပစ်တယ်လို့ ပြောတယ်။ အသံတွေကအရမ်းကျယ်တော့ တစ်မြို့လုံးထိတ်လန့်သွားကြတယ်"ဟုပြောသည်။

 

ယင်းသို့ကျယ်လောင်သည့်လက်နက်သံထွက်ပေါ်လာခြင်းကြောင့် စိုးရိမ်တကြီးဖြင့် အိမ်ကို ပြေးလာရသည်ဟုစစ်တွေမြို့နယ် ကျေးတောရွာမကျေးရွာမှ အမျိုး သမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

 

 " ဗျိုင်းဖြူရွာနားနဲ့ ရွှေမင်းဂံဘက်ကအသံတော်တော်ကျယ်ကျယ်ကြားရတယ်။ဈေးရောင်းနေတာ ဆိုင်ပိတ်ပြီး အိမ်ပြေးလာရတယ်။ရင်တွေအရမ်းတုန်သွားတယ်" ဟုပြောသည်။

 

၎င်းလက်နက်ကြီး ပစ်ခတ်မှုကို အမှတ် ၁၂ ရဲတပ်ရင်းနောက်ဘက် ကန်တော်ကြီး မြောက်ဘက်ရှိ စစ်ကောင်စီ တပ်ရင်းက ပစ်ခတ်နေခြင်း ဖြစ်ကြောင်းသိ၇သည် ။(NN-8/11)


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.