၇ခိုင်ပြည်နယ်ကျောက်တော်မြို့မှမြန်မာရေကြောင်းပိုင်ရေယာဉ်နှစ်စင်းအားရက္ခိုင်တပ်တော်(AA) က သိမ်းပိုက် ယူဆောင်သွားကြောင်းသတင်းရရှိသည်။
ထိုသို့ ယူဆောင်သွားခြင်းကို စစ်ကောင်စီပြောခွင့်၇ ဗိုလ်ချုပ်ဇော်မင်းထွန်းကနိုဝင်ဘာ ၂၁ ရက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြောကြားရာတွင် အတည်ပြုပြောဆိုသွားသည်။
၎င်းရေယာဉ်နှစ်စင်းမှာ ရေနယား(၁) နှင့် ရေဘဝဲ(၄) ရေယာဉ်နှစ်စင်းဖြစ်သည်ဟုသိ၇သည်။
အဆိုပါရေနှစ်စင်းသိမ်းပိုက်ယူဆောင်သွားသည့် ကိစ္စကို ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။
ယနေ့ နေ့လယ်က စတင်ဖြစ်ပွားခဲ့သည် ပေါက်တောမြို့ပေါ် တိုက်ပွဲနှင့်ပတ်သက်ပြီးလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ရာတွင် ပေါက်တောတွင် မြန်မာတပ်မတော်နှင့်ရဲတပ်ဖွဲ့က ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ကင်းလှည့်နေစဉ် အေအေက ပစ်ခတ်မှုများရှိခဲ့သည်ဟုဆိုသည်။ နောက်ထပ် အသေးစိတ်ပြောကြားခြင်းမရှိခဲ့ပါ။
လက်ရှိ နိရဉ္စရာက ရရှိသောသတင်းများအရ ရက္ခိုင့်တော်က လုံခြုံရေးကင်းလှည့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့တိုက်ခိုက်ခြင်း မဟုတ်ဘဲ လောကထိပ်ပန်တွင် တပ်စွဲထားသည့်စစ်ကောင်စီ စစ်ကြောင်းနှင့် မြို့ထဲတွင်နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းကာ အဖြစ်အသုံးပြုရန် ဓားစာခံ ခေါ်ဆောင်ထားသူ အရပ်သား ၁၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားကျဆုံးခဲ့ကြောင်း၊ အေအေဘက်ကလည် ထိခိုက်ကျဆုံးသူနှင့်ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပေါက်တောတိုက်ပွဲတွင် အထိနာပြီး အရှုံးနှင့် ရင်ဆိုင်ခဲ့ရသဖြင့်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်တွေ အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များကပြောဆိုထားသည်။
ပုံစာ- ရေနယား (၁) (ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။)