တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ခထီးလှနယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း၊ခထီးလှနယ်ခြားစောင့်တပ်ကိုရက္ခိုင်တပ်တော်  ( AA)က သိမ်းပိုက်လိုက်ပြီဟု အေအေနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

၎င်းစခန်းမကျရေးအတွက် စစ်ကောင်စီဘက်က ဝေဟင်မှ လေယာဉ်များဖြင့် ဝင်ရောက်တိုက်ခိုက် ပစ်ကူပေးခြင်း၊ ဘူးသီးတောင် အခြေစိုက်တပ်ရင်းများက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့သော်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းတွင် စခန်းကို ရက္ခိုင့်တပ်တော် အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်ဟု ပြောဆိုသည်။

၎င်းစခန်းရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ အကျအဆုံးများစွာဖြင့် စခန်းကို စွန့်ခွာကာ အနီးအနားရှိ ကျွန်းပေါက်စခန်းဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြပြီး ၎င်းတို့ကို တပ်တော်က လိုက်လံရှင်းလင်းနေကြောင်း သိရှိရသည်။

၎င်းစခန်းကို ရက္ခိုင့်တပ်တော် (AA)က  နိုဝင်ဘာ ၁၈ ရက် နံနက် နာရီလောက်ကတည်းက စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရက်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ခထီးလှကျေးရွာ အပါအဝင် ကျွန်းပေါက်၊ တောင်ကြီးရင်း၊ ပန်းဖဲချောင်း၊ ဇီးတောင်၊ ရွာသာယာစသည့် ရွာပေါင်း () ရွာခန့်က လူပေါင်းထောင်နှင့်ချီပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည်ဟု သိရသည်။

အဆိုပါ ခထီးလှနယ်ခြားစောင့်စခန်းကို သိမ်းပိုက်ရရှိမှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသဖြင့် လောလောဆယ် နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။ (NN-30)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!