ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

မောင်တောမြို့တွင် ရှေ့နေတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ဒေသခံ ၁၀ ဦးခန့်ကို အလိုရှိကြောင်း မြန်မာစစ်တပ်က ဓာတ်တိုင်များတွင် စာကပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် တရားလွှတ်တော်ရှေ့နေတစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးကို အလိုရှိနေကြောင်း မြန်မာစစ်ကောင်စီတပ်က ဓာတ်တိုင်များတွင် စာကပ်ထားသည်ဟု သတင်းရရှိသည်။

၎င်းတို့ အထဲတွင် တရားလွှတ်တော်ရှေ့နေ ဦးမောင်ခင်ဝင်း၊ ဦးထွန်းအေးသိန်း (န၀ရတ်ရွှေဆိုင်ပိုင်ရှင်) ဦးစောသီဟအောင်၊ ကိုကျော်စိုးဌေး၊ ချစ်ထူးခိုင်၊ ညီညီ ( ၁ ) ထွန်းလင်းကျော်၊ ဦးမောင်ကြီးအောင်၊ ဦးမောင်ဝင်းသိန်း (ဝင်းစတိုးဆိုင်ပိုင်ရှင်)၊  ဦးစိုးထွန်းဝေနှင့် ဝေသာလီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံထွန်းအောင်တို့ဖြစ်ကြသည်။

တရားလွှတ်တော်ရှေ့နေ ဦးမောင်ခင်ဝင်းနှင့် ပတ်သက်ပြီးကပ်ထားသည့်စာတွင် ၎င်းသည် မောင်တောမြို့ မြို့မအနောက်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး AA  အဖွဲ့၏ အဖွဲ့ဝင်များကို ဥပဒေသင်တန်းများနှင့် တရားရေးဆိုင်ရာ သင်တန်းများကို ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များသွားရောက်၍ သင်ကြားပေးနေသူ တစ်ဦးဖြစ်ခြင်း၊ ဒေသမတည် မငြိမ်ဖြစ်အောင်လုပ်ဆောင်နေသူ တစ်ဦးဖြစ်ခြင်းတို့ကြောင့် ၎င်းအားတွေ့ရှိပါက အကြောင်းကြားရန်ဟု ဖော်ပြပါရှိသည်။

ဝေသာလီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံထွန်းအောင်နှင့် ပတ်သက်ပြီး ကပ်ထားသည့် စာတွင် ၎င်းသည်AAအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး AAအတွက် ရပ်ကွက်နေပြည်သူများ၊ စျေးဆိုင်များမှ  ငွေကြေးကောက်ခံနေသူတစ်ဦးဖြစ်ခြင်း ဒေသမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်နေသူ တစ်ဦးဖြစ်ခြင်းတို့ကြောင့် ၎င်းအားတွေ့ရှိပါက အကြောင်းကြားရန်ဟု ဖော်ပြပါရှိသည်။

စောသီဟအောင်နှင့် ပတ်သက်ပြီးဖော်ပြရာတွင် ၎င်းသည် မောင်တောမြို့ မြို့မြောက်ဘက် ရွာသစ်ရွာ  နေထိုင်သူသည် AA သောင်းကျန်းသူအဖွဲ့ဝင်တစ်ဦးဖြစ်ခြင်း သောင်းကျန်းသူ အဖွဲ့အတွက် မြို့နေပြည်သူလူထုများ ဈေးဆိုင်များ စီးပွားရေးလုပ်ငန်းရှင်များထံမှ အဓမ္မဆက်ကြေးကောက်ခံပေးနေသူတစ်ဦးဖြစ်ခြင်း ဒေသမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူတစ်ဦးဖြစ်ခြင်းကြောင့် ၎င်းအား တွေ့ရှိပါက အောက်ပါဖုန်းနံပါတ် များသို့ ဆက်သွယ်အကြောင်းရန်ဟု ပါရှိသည်။

၎င်းပြင် ညီညီ ( ၁ ) ထွန်းလင်းကျော် ညီညီထွန်းလင်းကျော် မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်၊ ရွာသစ် ထိုင်VIVIN)သောက်ရေသန် လုပ်ငန်းပိုင်ရှင်သည် AA ထဲသို့ ရိက္ခာနှင့်ငွေကြေးထောက်ပံ့ပြီး ဒေသမတည်မငြိမ် ဖြစ်စေရန် လုပ်ဆောင် နေသူတစ်ဦးဖြစ်ခြင်းကြောင့် ၎င်းအား တွေ့ရှိပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းပေးနိုင်ပါဟု ပါရှိသည်

အလားတူ နောက်ထပ် ၀ရမ်းကပ်ခံရသည့် ပြည်သူများကိုလည်း အေအေ အဖွဲ့ဝင်များ၊ ငွေကြေး ကောက်ခံသူများ အဖြစ်စွပ်စွဲထားသည်။

သူတို့က တွေ့ရှိက အကြောင်းကြားရန် ဖုန်းနံပါတ်များထဲတွင် ၀၉ ၂၆၇၃၀၃ ၈၀၁ နှင့် ၀၉၂၅၁၁၀၁ ၅၅၆ စသည့်ဖုန်းနံပတ်များပါဝင်သည်။

မောင်တောဒေသခံတစ်ဦးက “ အလုပ်မရှိကြောင်ရေချိုးဆိုသလို လုပ်တဲ့ အလုပ်ပါ။ ဘယ်သူက သူတို့ စစ်ကောင်စီတပ်ကို သတင်းပေးမလဲ။ သူတို့ကို တွေ့ရင်တောင် ပြည်သူတွေက ဒီဘက်မှာ စစ်သားရှိတယ်။ ရဲရှိတယ်။ မလာနဲ့ ဟိုဘက်ကိုသွား ဒီလိုဘဲ ပြောမှာ။ စစ်တပ်ကိုတော့ ဘယ်သူကမှ သတင်းပေးမှာ မဟုတ်ဘူး”ဟု ပြောဆိုသည်။

မြန်မာစစ်ကောင်စီတပ်သည် ယခင်က ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယရှိသူများကို ယခုလို အလိုရှိကြောင်း ပြည်သူများမြင်သာနိုင်သည့် နေရာတွင် စာကပ်ခြင်းမျိုး မရှိခဲ့သဖြင့် ယခုလုပ်ရပ်မှာ ထူးခြားနေသည်ဟု ၎င်းက ပြောသည်။

ဆက်စပ် သတင်းများ