“စစ်ကောင်စီက စွန့်လွှတ်သွားခဲ့သော စခန်းပေါင်း (၄၀) ကျော်ကိုလည်း သိမ်းပိုက်ထားနိုင်ဟု AA ထုတ်ပြန်”
၇ခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်အတွင်း ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်စခန်း (၄)ခုအား ထိုးစစ်ဆင်သိမ်းပိုက်ထားနိုင်ပြီ
ယနေ့ နိုဝင်ဘာလ (၂၂) ရက်၊ ညနေတွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
AA က ထိုးစစ်ဆင်သိမ်းပိုက်ထားနိုင်
"ထို့အပြင် ပလက်၀မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်မာ အထိုင်ချ နေရာယူထားသော“တရွန်အိုင်ဗျူဟာ”နှင့် “နှုံးဘူးဗျူဟာ”နှစ်ခုအား နိုဝင်ဘာလ (၁၄) ရက်နေ့မှ စတင်ကာ ယနေ့အချိန်အထိ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်
အဆိုပါဗျူဟာနှစ်ခုအား ရန်သူသည် လက်နက်ခဲယမ်းရိက္ခာများကို လေကြောင်းမှချပေးနေရပြီး ယမန်နေ့က ရန်သူ့လေကြောင်း ထောက်ပို့ ပစ္စည်းများထဲမှ အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း AA က ဆိုသည်။
ယင်းအပြင် ပေါက်တောမြို့၌ ရန်သူ့ဘက်မှ လူသားဒိုင်းကာအဖြစ် ဓါးစာခံ ဖမ်းဆီးထားသော ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှ
ယနေ့ နံနက် (ရ) နာရီ (၂၀) မိနစ်ခန့်မှစတင်ပြီး ပေါက်တောမြို့အတွင်း၌ ဓါးစာခံကယ်တင်ရေးအတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့
ရန်သူသည် ပေါက်တောမြို့အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ယနေ့ နံနက် (၁၀) နာရီ (၀၅) မိနစ်ခန့်မှစတင်ပြီး MiG 35၊ ဂျက်တိုက်လေယာဉ်တို့ဖြင် တစ်လှည့်စီလာရောက်ဗုံးကြဲတိုက်
ယင်းအပြင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းကျေးရွာ လမ်းသုံးခွဆုံအနီး၌လည်း ထီးချိုင့်မြို့ အခြေစိုက် ခမ၇ (၃၆ရ) တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့သည် နိုဝင်ဘာလ (၂၁) ရက်နေ့လယ် (၁၂) နာရီ (၁၅) မိနစ်မှစတင်ကာ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်သူကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန် နေသော စစ်ကောင်စီ၏ တပ်စခန်းများ နှင့် လက်နက်ချ အညံ့မခံသောသူများအား ရက္ခိုင့်တပ်တော် အနေဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဟုAA ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ (NN-7)
Photo - AA Info Desk