၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်နိုဝင်ဘာ ၂၁ ရက် တစ်နေ့တည်းအတွင်း ရဟန်းတော် တစ်ပါးအပါအဝင် အရပ်သား ၂၅ ဦးကို ဖမ်းဆီးခံ၇သည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာ ၂၁ ရက် ညဉ့်၁၀ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်တွေမြို့ သုသာန်အနီးရှိ တေဇာရာမ(သရက်တော) ဘုန်းကြီးကျောင်းမှ ရဟန်းတော်တစ်ပါး၊ စစ်ဘေးရှောင်၁၉ ဦး၊ ပတ္တမြားဘုန်းကြီးကျောင်းတိုက်
ယင်းအထဲတွင် အသက် ၅၀ ကျော်အရွယ် အမျိုးသားများလည်း ပါဝင်ကြောင်း စုံစမ်းသိရှိ၇သည်။အဆိုပါ ဒေသခံများကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်၊ ညဉ့်အချိန်က ဖမ်းဆီးခဲ့ခြင်းဖြ
ယင်းမတိုင်မီ ညဥ့် ၁၀ နာရီခန့်တွင်လည်း စက်ရုံစုရပ်ကွက်တွင် စက်သေနတ်များ ပစ်ဖောက် သွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ယင်းအနီးအနားရှိ ဒေသခံအမျိုးသမီးတစ်ဦးက"စက်သေနတ်ပစ်တဲ့အသံတွေ အကျယ်ကြီး ကြားရတယ်။ ဘာကိုပစ်လို့ပစ်မှန်းမသိဘူး။ အိမ်အောက်မှာပုန်းပြီးနေနေခဲ့
ထို့အပြင် စက်ရုံစုရပ်ကွက်ရှိ သတိပဋ္ဌာန်ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်သားများက ခြံနံရံကိုကျော်ပြီး ဝင်ရောက်စစ်ဆေးရာတွင် ဒေသခံ ၃ ဦးခန့် ကြောက်လန့်ကာ ထွက်ပြေးသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ဒေသခံများမှာ လွတ်မြောက်သွားခဲ့သည်။
ထို့ကြောင့် အဆိုပါ သတိပဋ္ဌာန်ကျောင်းမှ လက်ထောက်တာဝန်ခံ ဦးပဇင်းတစ်ပါးကိုလည်း ယနေ့ နိုဝင်ဘာလ ၂၂ ရက်၊ နံနက်တွင် အမှတ် (၁) ရဲစခန်းသို့ ခေါ်ယူစစ်ဆေးနေသည်ဟု သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံနှစ်ဆယ်ကျော်ကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး(စရဖ)ရုံးတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိ၇သည်။
စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၇ ရက်ကလည်း ကန်တော်ကြီးရပ်ကွက်မှ သားအဖနှစ်ဦးကို စစ်ကောင်စီမှ ဒေသခံများအားဖမ်းဆီးနေသည့် ဗီဒီယိုဖိုင်အား ရိုက်ကူးသည်ဟုဆိုကာ ၎င်းတို့၏နေအိမ်မှ စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က၊ စစ်ကား ၄ စီးစာအင်အားရှိသော စစ်ကောင်စီတပ်သားများသည် မင်းဂံရပ်ကွက်နှင့် ကန်တော်ကြီးရပ်ကွက်ရှိ ဒေသခံဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အနက် တစ်ချို့တဝက်မှာလည်း ပြန်လည်လွတ်မြောက်လာပြီး တချို့မှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိ၇သည်။ (NN-8)