Preview

မာန်အောင်ကျွန်း၏ တစ်ခုတည်းသောခရီးလမ်းကြောင်း ရေလမ်းခရီးကို စစ်ကောင်စီက ပိတ်ပင်ထား၍ ဒေသခံများ စားဝတ်နေရေးနှင့် ဆေးဝါးများအခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :1537
ရခိုင် သတင်း

၇ခိုင်ပြည်နယ်မှ မာန်အောင်မြို့နယ်တည်ရှိရာ မာန်အောင်ကျွန်း၏ တစ်ခုတည်းသော ခရီးသွားလာရေး ရေလမ်းခရီးကို တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့်နေ့မှစ၍ စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက်ဒေသခံပြည်သူများမှာစားဝတ်နေရေးနှင့် ဆေးဝါးများ အခက်အခဲဖြစ်နေကြ၇သည်ဟု သိ၇သည်။

နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ စစ်ကောင်စီသည် ၇ခိုင်တစ်ပြည်လုံးမှ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထားခြင်းဖြစ်ပြီး ရေကြောင်းခရီးသွားလာရေးတစ်ခုတည်းသာရှိသည့် မာန်အောင်မြို့နယ်ကိုလည်း တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ ရေလမ်းကို ဖြတ်တောက် ပိတ်ဆို့ထားသည့်အတွက် ဒေသခံများမှာ ပို၍ခက်ခဲနေကြခြင်းဖြစ်သည်ဟု ပြောကြသည်။

မာန်အောင်မြို့ခံ အမျိုးသမီးတစ်ဦးကအခုဆိုရင် ဆန်တွေတောင် ဝယ်လို့မ၇တော့ဘူး။ အခုအသစ်ပေါ်တဲ့ စပါးတွေကို အခုရိတ်၊ အခုရောင်း အဲဒါမျိုးတွေပဲ ရှိပါတယ်။ ဆန်ဟောင်းတွေမရှိတော့ဘူး။ ဟင်းသီးဟင်းရွက်တွေကလည်း ဈေးတက်တယ်။ ကျမတို့ မာန်အောင်က ရေလမ်းခရီးတစ်ပဲ သွားလို့၇တဲ့အတွက်ကြောင့် သွားလာရေးက အဆင်မပြေဘူး။ တောင်ကုတ်က လာမှ စား၇တယ်။ ဒေသအတွင်းကလာတဲ့ ကန်စွန်းရွက်၊ ချဥ်ပေါင်ဟင်းကလွဲပြီး ကျန်တာတွေမစား၇တော့ဘူး။ ငါးဆိုလည်း ပင်လယ်ကို မထွက်၇တော့ မစား၇တော့ဘူး။ အရင်တုန်းက ကျန်ခဲ့တဲ့ ငါးခြောက်လေးတွေနဲ့ပဲ စားနေ၇ပါတယ်။ တချို့ဆို ငတ်တဲ့သူတွေ ငတ်နေကြပါပြီဟုပြောသည်။



ထို့အပြင် အခြေခံလက်လုပ်လက်စားများဖြစ်သည့် ကမ်းနီးငါးဖမ်းရေယာဥ်များကိုလည်း ထွက်ခွင့်မပေး၍ ငါးဖမ်းသမားများမှာလည်း စားဝတ်နေရေးလွန်စွာခက်ခဲနေကြသည်ဟု ဒေသခံများက ပြောကြသည်။

မာန်အောင်မြို့တွင် ရေကြောင်းခရီးတစ်ခုတည်းသာရှိပြီ လေကြောင်းလိုင်းလည်းမရှိ၍ ကုန်စည်စီးဆင်းမှုနှင့် ဆေးဝါးများလည်း ပြတ်တောက်နေကာ တချို့လူနာများဆိုလျှင် တောင်ကုတ်မြို့သို့ သွားရောက်ကုသမှုခံယူရမည့်အခြေအနေများရှိနေသည်ဟု သိ၇သည်။

အခုဆေးရုံက လူနာတွေ ပိုပြီး အခက်အခဲဖြစ်နေကြတယ်။ တချို့တွေ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့ အရေးပေါ်ဖြစ်တဲ့သူတွေဆိုရင် ဆေးကု၇မယ့်အခြေအနေတောင်မရှိဖြစ်နေပါတယ်။ ဆေးဝါးပြတ်လပ်နေတာတွေလည်းရှိနေကြပါတယ်ဟု လူမှုကူညီရေးလုပ်နေသူတစ်ဦးက ဆိုသည်။

လက်ရှိမာန်အောင်တွင် စက်သုံးဆီများဖြစ်သည့် ဒီဇယ်ဆီ၊ ပရီမီယာ၊ ဓာတ်ဆီ၊ အောက်တိန်း(92)နှင့် အောက်တိန်း(95) တို့မှာ ပြတ်လပ်လာပြီ ဖြစ်၍ တချို့ကျေးရွာများတွင် ဖုန်းလိုင်းများပါ ပြတ်တောက်နေပြီဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။

တာဝါတိုင်တွေကအစ တချို့ရွာတွေမှာဆို ဆိုက်တွေ အားလုံးဒေါင်းသွားပြီ။ ဖုန်းလိုင်းတွေအားလုံးပြတ်သွားပြီ။ မာန်အောင်မှာ အဲဒီလို အနေအထားနဲ့ကြုံနေ၇ပါတယ်။ ပြင်ကောက်၊ ကမား၊ မာန်အောင်ကျွန်း အနောက်ဘက်တစ်ခြမ်း အားလုံးပြတ်နေပါပြီ။ မြို့ပေါ်မှာက လက်ကျန်ဆီနဲ့ မောင်းထားလို့၇နေတာပါ။ ဒါတောင် နောက် ရက်လောက်ဆိုရင် ၇ဖို့ မသေချာတော့ပါဟုပြောသည်။

ထိုသို့ စက်သုံးဆီများပြတ်လပ်နေ၍ မာန်အောင်မြို့တွင် နောက်သုံးရက်ခန့်ကြာလျှင် လျှပ်စစ်မီးရရန်ပင် မသေချာတော့ဟုလည်း သူကဆက်ပြောသည်။

“EPC မှာလည်း ဆီမရှိတော့ဘူး။ နှစ်ရက်သုံးရက်ပဲ ပေးနိုင်တော့မယ်လို့ကြားတယ်။ သူတို့မှာ ဆီမရှိတော့ဘူးဆိုရင် တစ်မြို့လုံး အမှောင် ကျသွားနိုင်တယ်ဟုဆိုသည်။

မာန်အောင်ကျွန်းကို ယခုကဲ့သို့ စစ်ကောင်စီမှရေကြောင်းခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းမှာ ဖြတ်လေးဖြတ် ပြုလုပ်ခြင်းနှင့်တူပြီး ဒေသခံများမှာ သေမထူးနေမထူးဘ၀ဖြစ်နေကာ ရေလမ်းခရီးကို ကုန်စည်စီးဆင်းရန်အတွက် အမြန်ဆုံးဖွင့်ပေးစေချင်သည် ဒေသခံများက ပြောဆိုကြသည်။

ဒေသခံတစ်ဦးက ကျနော်တို့ ဘ၀ဟာ မထူးတဲ့အခြေအနေဖြစ်နေတယ်။ မထူးတဲ့ ဘ၀ကို ဖြတ်သန်းနေ၇တယ်။ နောက် သုံးလေးရက် လောက်ဆိုရင် ကျနော်တို့ ဖုန်းလိုင်း၇ဖို့တောင် မသေချာတော့ဘူး။ အဲဒီလိုဖြစ်သွားပြီးပြီ။ တမင်ရည်ရွယ်ချက်ချက်ရှိရှိလုပ်တာ။ ကျနော်တို့မှာ တစ်ခုကလည်း သွားလို့မ၇ဘူး။ အရမ်းကို ဆိုးဆိုးဝါးဝါးဖြစ်နေပါတယ်ဟုဆိုသည်။

လက်ရှိတွင် မာန်အောင်မြို့၌ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားများကို အင်အားတိုချထားပြီး မာန်အောင်ကျွန်းပတ်လည်တွင်လည်း စစ်ကောင်စီဇက်ရေယာဥ် စီးက ဒေသခံများ သွားလာ၍မ၇အောင် စောင့်ကြည့်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

မြို့ထဲတွင်လည်း လူငယ်များကို မသင်္ကာလျှင် စစ်သားများက တင်းတင်းကျပ်ကျပ်စစ်ဆေးမေးမြန်းသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ရမ်းဗြဲ ကျောက်နီမော်က ရဲတွေလည်း ဒီမှာ ပူးပေါင်းနေကြတယ်။ ကင်းလှည့်တယ်။ ကင်းပုံးချတာရှိတယ်။ အများအားဖြင့် ပင်လယ်နားတွေမှာ ချထားတယ်။ ရမ်းဗြဲဘက်ခြမ်းမှာ ပိုများတယ်ကြားတယ်။ စစ်သားတွေနဲ့ရဲတွေ ပူးတွဲပြီးတော့ စစ်ကြတယ်ဟုပြောသည်။

ညပိုင်းဆိုရင်လျှင်လည်း အဆိုပါ စစ်ကောင်စီတပ်သားများနှင့် ရဲပူးပေါင်းအဖွဲ့သည် မြို့အဝင်နေရာများနှင့် မာန်အောင်မြို့နှင့် ကုန်းတန်းကျေးရွာကို ဆက်သွယ်ထားသည့် မြို့ချောင်းတံတားတွင်လည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဒေသခံများမှာ နာရီနောက်ပိုင်း နေအိမ်အပြင်မထွက်ရဲကြဟု ပြောကြသည်။

၇ခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး ၇ခိုင်ဒေသတွင်း ကုန်းလမ်း၊ ရေလမ်းများကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားသည်။

ယနေ့ဆိုလျှင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ ရက်ပြည့်ပြီဖြစ်ပြီး စစ်ကောင်စီမှ ဖြတ်လေးဖြတ်ပြုလုပ်ကာ အရပ်သားပြည်သူများကို မသင်္ကာလျှင်ဖမ်းဆီးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်။ (NN-3)

ဓာတ်ပုံ - မာန်အောင်မြို့ မြင်ကွင်းနှင့် တောင်ကုတ်-မာန်အောင်ပြေးဆွဲနေသည့် အမြန်ရေယာဉ်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.