ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တွေ အမှတ် (၁၂) ရဲတပ်ရင်းက လက်နက်ကြီးပစ်ခတ်စဉ် ကျည်နောက်သို့ပွင့်ထွက်၍ စစ်သား ၂ ဦးသေပြီး ၆ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 6.3k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အမှတ် (၁၂) ရဲတပ်ရင်းက ယနေ့ ညနေပိုင်းတွင် ပေါက်တောမြို့သို့ လက်နက်ကြီးဖြင့် စစ်ကူပစ်ခတ်စဉ် လက်နက်ကြီးကျည် နောက်သို့ပွင့်ထွက်၍ စစ်ကောင်စီတပ်သား  ဦးသေပြီး ဦး ဒဏ်ရာရရှိသွားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်မှ သိရသည်။

ယနေ့ နိုဝင်ဘာ ၂၂ ရက်၊ ညနေပိုင်း ပေါက်တောမြို့သို့ ပစ်ခတ်စဉ်အတွင်း ချို့ယွင်းမှုဖြစ်ကာ လက်နက်ကြီး ကျည်နောက်သို့ ပွင့်ထွက်သွားသဖြင့် လက်နက်ကြီးပစ်ခတ်နေသည့် စစ်ကောင်စတပ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

သတင်းရင်းမြစ်တစ်ဦးက "နောက်ကပွင့်ထွက်သွားပြီးတော့ ဒဏ်ရာရသွားကြတယ်။ ပွင့်ထွက်သွားမှာပေါ့ ဆက်တိုက်ကိုပစ်နေကြတာလေ" ဟုပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒဏ်ရရာရှိသွားသည့် စစ်ကောင်စီ တပ်သားများသည် စစ်တွေတပ်နယ်ရှိ စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု သိရသည်။

နောက်ထပ်တစ်ဦးက " ယောက်သေပြီး ယောက် ဒဏ်ရာရသွားတယ်။ စစ်သားလား၊ ရဲသားလားမသိရဘူး။ နှစ်ယောက်သေတာတော့ မှန်ပါတယ်" ဟု ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှစ၍ ယနေ့ညနေပိုင်းအထိ စစ်တွေရှိ အမှတ် (၁၂) ရဲတပ်ရင်းက ပေါက်တောမြို့သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခြင်းဖြစ်သည်။

ပေါက်တောမြို့တွင် ယမန်နေ့နှင့် ယနေ့တို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက စစ်ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များအသုံးပြုကာ တိုက်ခတ်နေရကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

ပေါက်တောမြို့တွင် စစ်ကောင်စီကဖမ်းဆီးထားသည့် ဓားစာခံအရပ်သားပြည်သူများကို AA က ကယ်ထုတ်စဥ် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အများအပြားကျဆုံးခဲ့သည်ဟု သိရသည်။ (NN-8, NN-11)

ဓာတ်ပုံ - စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုမြင်ကွင်းတစ်ခု (ပုံဟောင်း)

ဆက်စပ် သတင်းများ