တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မင်းပြားအခြေစိုက်စစ်တပ်က လူနေရွာထဲ လက်နက်ကြီးဖြင့်ပစ်ခတ်၍ အသက်၇၀ကျော် လယ်သမားတစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်တွင်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြမ်းဖက် မြန်မာစစ်တပ်ကလက်နက်ကြီးဖြင့် ကျေးရွာများသို့ ပစ်ခတ်သဖြင့် အသက၇၀ ကျော်အရွယ် လူကြီးတစ်ဦး ကျည်စထိမှန်သေဆုံးခဲ့သလို နောက်ထပ် ရွာသားတစ်ဦးလည်း ဒဏ်ရာရရှိသွားကြောင်းသိရသည်

ေဆုံးသူမှာ ကေသလာချောင်းဝကျေးရွာမှ ဦးဖြူလုံး(၇၃)နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသွားသူမှာ ကေသလာလက်ဝါးခတ် ကျေးရွာမှ ဦးသန်းလုံးမောင်( ၅၀) နှစ်တို့ဖြစ်ကြောင်း သိရသည်။

၄င်းတို့နှစ်ဦးမှာ မင်းပြားမြို့၊ ကြပ်စင်တံတားအရှေ့ဘက်တောင်တန်းအနီးရှိ လယ်တဲတွင် ရိတ်သိမ်းပြီးသားရေစိုနေသည့်စပါးများကို စောင့်အိပ်နေစဥ် ပြီးခဲ့သည့် ညဥ့် နာရီခွဲက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကျည်စထိမှန်သေဆုံးကာ ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း ဦးဖြူလုံး၏ ချွေးမဖြစ်သူက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

"ကြပ်စင်တံတားနားမှာ လယ်တဲရှိပါတယ်။ရိတ်ထားတဲ့စပါးတွေ ရေစိုနေလို့ ရွာကိုသယ်ယူမယ်ဆိုပြီး အဲဒီမှာသွားစောင့်အိပ်နေတာပါ။ အိပ်နေတုန်းမှာ လက်နက်ကြီးကျည်ကျပြီး  ခေါင်းကိုကျည်စ ထိသွားတာပါ" ဟု ပြောသည်။

သေဆုံးသူဦးဖြူလုံးတွင် ဦးခေါင်းတွင်လက်နက်ကြီးကျည်စထိမှန်သွားပြီး ဦးသန်းလုံးမောင်တွင်မူ ဘယ်ဘက်လက်မောင်းကို ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူ၏ အခြေအနေမစိုးရိမ်ရဟု သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်၊ ညက မင်းပြားမြို့ရှိ ကျိန်းတောင်စစ်ကောင်စီတပ်၊ ရာမောင်တံတား အနီးရှိစစ်ကောင်စီတပ်၊ ကြပ်စင်တံတားအနီးစစ်ကောင်စီတပ်များက ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုရှိခဲ့ပြီး မည်သည့် တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဆိုသည်ကိုမသိရှိရကြောင်း ဦးဖြူလုံးဦးချွေးမဖြစ်သူက ပြောသည်။

"မနေ့ညက ကျိန်းတောင်ကလည်းပစ်တယ်။ရာမောင်ဘက်ကလည်း ပစ်သံကြားလိုက်တယ်။ ဘယ်ကလက်နက်ကြီးကျည်ဆိုတာတော့ မသိရပါဘူး" ဟု ပြောသည်။

ယနေ့မနက်ပိုင်းတွင် သေဆုံးသူဦးဖြူလုံး၏ အလောင်းအား ကျေးရွာသို့ပြန်သယ်ယူထားပြီး နေ့လယ်ပိုင်းတွင် သဂြိုဟ်သွားမည်ဟု မိသားစုဝင်များက ပြောသည်။

ယမန်နေ့  နာရီခန့်ကလည်း မြန်မာ စစ်ကောင်စီ စစ်တပ်က က ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်၊ လေညှင်းသာကျေးရွာမှ အသက် ၆၇ နှစ်အရွယ် ဦးကျော်သူသည် နေအိမ်အတွင်း ရုပ်သံ ကြည့်နေစဥ် လက်နက်ကြီးကျည်စထိမှန်၍ ဦးခေါင်းပွင့်ထွက်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။

အလားတူ ရသေ့တောင်မြို့နယ်၊ ငစံဘော်ကျေးရွာမှ ဦးကျော်သန်းမောင် (၄၂ နှစ်)သည်လည်း ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက် ရေစိုးချောင်းဗျူဟာကုန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သူ၏ဘယ်ဘက်ပေါင်နှင့်ခြေဖမိုးတို့တွင် ဒဏ်ရာ ရရှိသွားသည်ဟု သိရသည်။ 

ရခိုင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ () ရက်အတွင်း အရပ်သား (၁၆) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၅၀)ဦးရှိကာ စစ်ရှောင်ဦးရေ ၄၆၀၀၀ ကျော်အထိရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ 

ဦးခိုင်သုခက "မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ သေဆုံးသွားတဲ့ အရပ်သားပြည်သူကတော့ (၁၆) ယောက်ရှိပြီဗျ။ ဒဏ်ရာရတဲ့သူကတော့ အယောက် (၅၀)ရှိပြီ"ဟု ပြောသည်။ (NN-23)

ပုံစာ - မင်းပြားတွင် လက်နက်ကြီးကျည်စထိမှန်သေဆုံးသူ ဦးဖြူလုံး (ဓာတ်ပုံ - ပေးပို့)

ဆက်စပ် သတင်းများ