Preview

ရခိုင်မှ မှတ်ပုံတင်ခွင့်ရ မြိုတိုင်းရင်းသားပါတီကို UEC ဖျက်သိမ်း

နိုဝင်ဘာ ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :6313
ရခိုင် သတင်း

၇ခိုင်ပြည်နယ်တွင်မှတ်ပုံတင်ခွင့်၇ထားသည့်ပါတီများပါတီအနက်  မြိုတိုင်းရင်းသားပါတီ (Mro National Party-MNP)ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ဖျက်သိမ်းလိုက်ပြီဟုသိ၇သည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားသည့်မြိုတိုင်ရင်းသားပါတီကိုUEC က ယမန်နေ့ နိုဝင်ဘာ၂၂ ရက်တွင် တရားဝင်ဖျက်သိမ်းလိုက်ပြီဟု ယနေ့ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသစ်ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်ဖြစ်သည့် မြို့နယ် ခုတွင် ပါတီရုံးဆောက်၇မည်ဖြစ်၍ သတ်မှတ်ချက်မပြည့်သဖြင့်ဖျက်သိမ်းလိုက်၇ခြင်းသည်ဟု မြိုတိုင်းရင်းသားပါတီ(MNP)နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

"ကျနော်တို့ဖျက်သိမ်းခွင့်တောင်းလိုက်တာပါ။ သူတို့သတ်မှတ်ထားတာ မလုပ်နိုင်လို့"ဟုပြောသည်။

မြိုတိုင်းရင်းသားပါတီရုံးဖွင့်ရမည့်နေရာမှာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ စသည့် မြို့နယ် ခုတွင်ဖြစ်ပြီး ကျောက်တော်နှင့် ပုဏ္ဏားကျွန်းတွင် မြိုလူမျိုးများနေထိုင်မှု နည်းပါးသည့်အတွက် ရုံးခန်းဖွင့်လှစ်ရန်အဆင်မပြေနိုင်ဟု ပါတီနှင့်နီးစပ်သူများက ပြောသည်။

UEC ယမန်နေ့ကထုတ်ပြန်ချက်တွင် "မြိုတိုင်းရင်းသားပါတီကို ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အ၇ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် ၃၃/၂၀၂၃ ဆုံးဖြတ်ချက်အ၇ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ (က) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည်ပြုခဲ့ပါသည်"ဟု ဖော်ပြထားသည်။ 

မြိုတိုင်းရင်းသားပါတီသည် UECထံ ၂၀၂၃ မတ်လ ၂၄ ရက်တွင် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ရက်တွင် UEC က မှတ်ပုံတင်ခွင့်ပေးခဲ့ကြောင်း သိ၇သည်။

၇ခိုင်ပြည်နယ်တွင် မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည့် ပါတီခြောက်ခုရှိပြီး ယင်းအနက် ၇ခိုင့်ဦးဆောင်ပါတီ (AFP) မြိုတိုင်းရင်းသားပါတီ (MNP) မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (MNDP) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ၇ခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ(RSNUP) စသည့် ပါတီ ခုသည် မှတ်ပုံတင်ခွင့် ရရှိထားကြပြီ ဖြစ်သည်။

၇ခိုင်အမျိုးသားပါတီ (ANP)တစ်ခုတည်းကိုသာ UEC က ယနေ့ထိ မှတ်ပုံတင်ခွင့် ချမပေးသေးဟု သိ၇သည်။(NN-11) 

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.