Preview

မြန်မာစစ်တပ်က လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးထားခြင်းခံ၇သော ပေါက်တော ဒေသခံ (၁၀၄) ဦးအား ဒုတိယအသုတ်အဖြစ် ထပ်မံကယ်ထုတ်

နိုဝင်ဘာ ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :4100
ရခိုင် သတင်း

“တိုက်ပွဲ ၂ ရက်တာအတွင်း စစ်ကောင်စီတပ်က ၄၈ ဦးကျဆုံးပြီးဒရုန်းအပါအဝင်လက်နက်ခဲယမ်းတချို့အား ထပ်မံသိမ်းဆည်း ရရှိကြောင်း AAထုတ်ပြန်”

 အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်က လူသားဒိုင်းကာနှင့်ဓါးစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးထားခြင်းခံ၇သော ပေါက်တော ဒေသခံ (၁၀၄) ဦးအား ဒုတိယအသုတ်အဖြစ် ထပ်မံကယ်ထုတ်နိုင်ခဲသည်ဟု ရက္ခိုင်တပ်တော် (AA) က ယနေ့ နိုဝင်ဘာ ၂၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

 

ပေါက်တောမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည် နိုဝင်ဘာ ၂၁ ရက်နှင့်၂၂ ရက် (၂) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၄၈ ဦးကျဆုံးပြီး ဒရုန်းစက်များအပါအဝင်ရန်သူ၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ရဟန်းသံဃာများ၊သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်သောပေါက်တောမြို့ခံ များအား လူသားဒိုင်းကာနှင့် ဓါးစာခံများအဖြစ်ပြန်ပေးဆွဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း၊  ပြည်သူများအားပြန်ပေးဆွဲဖမ်းဆီးထားပြီး (၆) ရက်မြောက်နေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဓားစာခံများအားလုံးထဲမှ (၁၂၀) ဦးအား ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များမှ ပထမအသုတ် အနေဖြင့်ကယ်ထုတ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချရသောနေရာသို့ ပိုဆောင်ပေးခဲ့ပြီးဖြစ်သည်။

 

ဆက်လက်၍၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင်လည်း ရန်သူ့လက်ထဲ ဖမ်းဆီးခံထားရသောဓါးစားခံများနှင့် မြို့တွင်းရှိ နေအိမ်တချို့ ၌ ပုန်းအောင်းနေကြသောသူများစုစုပေါင်း (၁၀၄) ဦးကို ဒုတိယအသုတ်အနေဖြင့် ထပ်မံကယ်ထုတ်နိုင်ခဲ့ပြီး၎င်းတို့အား လုံခြုံစိတ်ချရသောနေရာများသို့ ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓားစာခံကယ်တင်ရေး၏ပထမနေ့ နိုဝင်ဘာ၂၁ ရက်တွင် ရန်သူအခြေပြုထားသော နေရာ (၃) နေရာမှ ရန်သူ (၃၀)ကျော် အား ရှင်းလင်းနိုင်ခဲ့ပြီး ဒုတိယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့တွင်လည်းပေါက်တောမြို့တွင်း နေရာ (၃) နေရာမှရန်သူ (၁၈) ဦး (မျက်မြင်) အား ထပ်မံထပ်မံရှင်းလင်းနိုင်ခဲ့ပြီးရန်သူဘက်မှ (၁၈) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

 

တိုက်ပွဲအတွင်းဒရုန်းစက်များအပါအဝင် ရန်သူ၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း တချို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

ရက္ခိုင်တပ်တော်မှ ပေါက်တောမြို့အတွင်း လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရကာ ကျန်ရှိနေသေးသော ဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းတွင်ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက် သုတ်သင်ရှင်းလင်းလျက်ရှိသည်ဟု သိရှိ၇သည်။

#ပေါက်တော#အေအေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.