အင်္ဂါ၊ မတ်လ ၅ရက်၊ ၂၀၂၄

စစ်တွေ သဲချောင်းမှ ရခိုင်၊ မရမာကြီး၊ မွတ်ဆလင် စုစုပေါင်း ၁၆ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ သဲချောင်းတွင် ရခိုငဦး၊ ရမာကြီး၆ဦးနှင့် မွတ်ဆလင်၄ဦး စုစုပေါင်း၁၆ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟုသတင်းရရှိသည်။

စစ်တွေမြို့နယ်၊သဲချောင်းကျေးရွာတွင် ယနေ့ နိုဝင်၂၅ရက်နေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီအင်အား ၃၀ခန့်က  ရွာထဲကို ဝင်ရောက်ပြီး ဖမ်းဆီးသွားခဲ့သည်ဟု သဲချောင်းကျေးရွာမှ ဒေသခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

" သုံးနာရီလောက်က စစ်သားတွေ ရွာထဲဝင်လာပြီးရွာကို ပတ်ကြည့်တယ်။ ပြီးတော့ ရွာကရခိုင်‌တွေနဲ့ မရမာကြီးတွေကို ဖမ်းသွားတယ်။ နောက် အလုပ်လာလုပ်နေတဲ့ မွတ်ဆလင် လေးယောက်ကိုလည်း ဖမ်းသွားတယ်" ဟုပြောသည်။

အဆိုပါ စစ်ကောင်စီအဖွဲ့ဝင်များမှာ ရွာထဲသို့ကားဖြင့်ဝင်ရောက်လာပြီး  ကျားပြောက် ဝတ်စုံဝတ်ပြီး မျက်နှာဖုံးစွပ်ထားသူများနှင့် စစ်သား ရဲ စုစုပေါင်း အင်အား၃၀ခန့်ပါသည်ဟု ရွာသားတစ်ဦးက နိရဥ္စရာကို ပြောသည်

" ပြောက်ကျားဝတ်စုံဝတ်ထားတဲ့ လူတွေက မျက်နှာဖုံးလို့။ ရဲဝတ်စုံဝတ်ထားတဲ့သူတွေကတော့ မျက်နှာမဖုံးဘူး"ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ သဲချောင်းအုပ်ချုပ်ရေးမှူး ဦးစံမြကျော် အသက် (၆၀)နှစ် ကိုထွန်းကျော်အောင် (၂၆) နှစ် NGO ဝန်ထမ်း ကိုဝေယံစိုး( ၂၆) နှစ် ဦးမောင်သန်း (၄၀) နှစ်၊ကန်တော်ကြီးရပကွက်မှ ကားပြင်ဆရာ ဦး၊ မရာမာကြီး လူမျိုးဖြစ်သည့် ကိုဇော်ထွန်း (၃၀) နှစ်၊ ကိုအောင်နိုင်ဦး ကိုအောင်နိုင်ဝင်း၊ ကိုအတုနှင့် အမည်မသိရ‌သေးသည့် မရာမာကြီးတစ်ဦးနှင့် ဧည့်သည်တစ်ဦး၊  မွတ်ဆလင် ဦးအထဲတွင် ကိုကာလေယာ (အသက် ၃၀ကျော်)နှင့် နောက်ထပ် အမည်မသိ‌ရသေးသည် မွတ်ဆလင်သုံးဦးတို့ ဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးသွားသည့် အကြောင်းကို မသိရသေးသလို စစ်တွေရှိ ရဲစခန်းများကို ဆက်သွယ်ရန်လည်း အခြေအနေမပေးသဖြင့် စစ်ကောင်စီဘက်ကိုတော့ မေးမြန်းတင်ပြနိုင်ခြင်းမရှိပါ။

စစ်တွေတွင် စစ်ကောင်စီတပ်သားများသည် ဒေသခံများကို ဖမ်းဆီးမှုများရှိနေပြီး  ၎င်းတို့အနက် တစ်ချို့တဝက်မှာလည်း ပြန်လည်လွတ်မြောက်လာပြီး တချို့မှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။(NN-11)

ဆက်စပ် သတင်းများ