Preview

စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ရဲနှင့်စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော် ဝင်ရောက်တပ်စွဲ

နိုဝင်ဘာ ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :6925
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းမှစ၍ ရဲနှင့်စစ်သား အင်အား ၃၀ ကျော်ဝင်ရောက်တပ်စွဲနေကြောင်း စုံစမ်းသိ၇သည်။

၎င်းတို့သည်  ယနေ့ နိုဝင်ဘာ ၂၆ ရက်၊ နေ့လယ်ပိုင်းက ရောက်ရှိနေပြီး စခန်းချရန်ပြင်ဆင်နေသဖြင့် ဝန်ထမ်းများနှင့်ကျောင်းသား ကျောင်းသူများအတွက် စိုးရိမ်စရာဖြစ်နေသည်ဟု တက္ကသိုလ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဘွဲ့နှင်းသဘင်ခန်းမမှာ နေရာယူနေကြတယ်။အင်အားကတော့ ၃၀ ကျော်လောက် ရှိမယ်။စစ်သားတွေရောက်နေတော့ ဘယ်သူက ကျောင်းလာတက်ရဲကြတော့မလဲ။ရုံးလာတက်ရဲမယ့်သူတောင်မရှိတော့ဘူး။ မြို့ထဲကနေဒီကို ကျောင်းလာတက်ရင်စစ်သားတွေရှိတော့ ဘယ်သူက ကျောင်းပို့ရဲကြမှာလဲ" ဟု သူက ပြောသည်။

အဆိုပါဘွဲ့နှင်းသဘင်ခန်းမတွင် နေရာယူထားကြသည့်စစ်ကောင်တပ်ဖွဲ့ဝင်များတွင် ရိက္ခာအများအပြားလည်း ပါရှိလာသည်ဟု သိရသည်။

ထိုသို့စစ်ကောင်စီတပ်သားများ စခန်းချရန်ရောက်ရှိလာသဖြင့်တက္ကသိုလ်ဝင်းအထဲတွင် နေထိုင်ကြသည့် ဝန်ထမ်းအချို့မှာလည်း မနေရဲတော့ဘဲအခြားနေရာသို့ပြောင်းရွှေ့နေကြကြောင်း နီးစပ်သူများကပြောသည်။

စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်းများကို နိုဝင်ဘာဘာ ၂၃ ရက်တွင်တက်ရောက်သင်ကြားရမည်ဖြစ်သော်လည်းလတ်တလော တိုက်ပွဲအခြေအနေများကြောင့်တက်ရောက်သင်ကြားနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်တွေတက္ကသိုလ်အပြင် စစ်တွေမြို့ရှိ ၃ ထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံများ၊ဘာသာရေးအဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် စခန်းချနေသည်ဟုလည်းဒေသခံများအကြားတွင် သတင်းထွက်ပေါ်နေသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်မှစ၍ပြည်နယ်စစ်ကောင်စီရုံး အနီးအနားတဝိုက်က လမ်းများကို စစ်ကောင်စီကလုံခြုံရေးများချထားကာ ပိတ်ဆို့ထားခဲ့သည်။

ထို့အပြင် ညအချိန်တွင်လည်း စစ်တွေမြို့ရှိရပ်ကွက်အချို့ကို စစ်ကောင်စီက ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုများရှိနေပြီးဒေသခံအချို့ကိုလည်း ဖမ်းဆီးမှုများရှိနေသည်။ (NN-8)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.