နိုဝင်ဘာ ၂၆ ရက် ည ၉ နာရီကစပြီး စစ်တွေမြို့ အမှတ်( ၁) ရှေ့ရှိလမ်းမကြီးကို ပိတ်ထားခဲ့သလို စစ်တွေတက္ကသိုလ်တွင်လည်း စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကဝင်ရောက်နေရာယူမှုများ ရှိလာခဲ့သည်။ (လမ်းမကြီးတွင် အတားအဆီးများချထားသည့် ဓာတ်ပုံကို မြင့်တွေ့နိုင်ပါသည်။)
၎င်းပြင် စစ်တွေမြို့ အထပ်မြင့် အဆောက်အဦတချို့တွင်လည်းစစ်သားများ ဝင်ရောက်နေရာယူမှု များရှိနေပါသည်။ (ပုံတွင် စကစတပ်သားများကိုမြင်တွေ့နိုင်ပါသည်။)
စစ်တွေရှိ အထပ်မြင့် တိုက်အချို့နှင့် ဟိုတည်များ အပေါ်ထပ်တွင်စစ်သားများကို စတင်နေရာချထားပြီဟုလည်း လုံခြုံရေးအရ သိ၇သည်။
၇ခိုင်ပြည်နယ်၊ စစ်တွေမြို့အဝင် အမှတ် ၂၃၂ တပ်ရင်းနှင့် အမြင့်ကျွန်းကျေးရွာ အကြားတွင် အင်အား ၃၀ခန့်ပါသည့် စစ်ကြောင်း တစ်ခု ယနေ့နံနက်၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့၇သည်ဟု သိ၇သည်။
စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာအနီးရှိ ၂၃၂ တပ်အပါအဝင် ၃၄၄ တပ်နှင့်ပညာရေး(၁၀) လေ့ကျင့်ရေး တပ်တို့မှ အင်အား ၃၀ ခန့်ပါစစ်ကြောင်းသည် စစ်တွေမြို့နယ်၊ပါဒလိတ်ကျေးရွာဘက်မှ အမြင့်ကျွန်းဘက်သို့ ယမန်နေ့နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၉ နာရီခန့်က သွားရောက်ချိန်တွင် အမြင့်ကျွန်းရွာ အောက်ဘက် တံတားငယ် အနီးတွင် မိုင်းခွဲခံရခြင်းဖြစ်သည်ဟု အနီးအနားရှိ မျက်မြင်ဒေသခံများက ပြောပါသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၅ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟုလည်းခိုင်မာသည့် သတင်းအရင်းအမြစ်က နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
အမြင့်ကျွန်းကျေးရွာသည် စစ်ကောင်စီတပ်နယ်နှင့်နီးကပ်စွာတည်ရှိပြီး စစ်တွေမြို့ အဝင် ကားလမ်းပေါ်တွင် တည်ရှိပါသည်။
ညီနောင် မဟာမိတ် ၃ ဖွဲ့အနေဖြင့် Nationwide Operation စစ်ဆင်ရေး တစ်ဆင့်တက်ရန် အတွက်အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း၊ ၎င်းပြင် စစ်ဆင်ရေး (၁) လတာ ကာလ အတွင်းကိုးကန့်အထူးဒေသ (၁)သည် ကိုးကန့်တို့ လက်ထဲ ရောက်ရှိရန် လက်တကမ်းသာ လိုတော့ကြောင်း ဖေါ်ပြထာပြီး လောက်ကိုင်မြို့သိမ်း တိုက်ပွဲသည်လည်းမကြာမီ လာတော့မှာ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
အောက်တိုဘာလ၂၇ ရက်နေ့က ရှမ်းပြည်မြောက်ဒေသတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကို NationwideOperation အဖြစ် ပြောင်းလဲပြီးနောက်နိုဝင်ဘာလ ၂၇ ရက်နေ့ တစ်လပြည့်သည့်နေ့တွင် နောက်တစ်ဆင့် တက်မည်ဟုညီနောင်မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့က ကြေညာပြီး တစ်ဆင့်တက်မည့် အနေအထားအပေါ် အများပြည်သူများက စိတ်ဝင်စားနေကြသည်ဟု သိ၇သည်။ (NN-7, 8 and 11)