အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရခိုင်စစ်ရေး ၁၃ ရက်မြောက်အခြေအနေ ညီနောင်သုံးဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

(တရွန်အိုင်" ဗျူဟာနှင့် နှုံးဘူး" ဗျူဟာနှစ်ခုကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆက်လက်ခုခံနေ)

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့သည့် ရက္ခိုင့်တပ်တော်( AA)၏ (၁၃) ရက်မြောက် စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ညီနောင် မဟာမိတ် သုံးဖွဲ့က နိုဝင်ဘာ ၂၆ ရက် ည(၁၀) နာရီ အချိန်တွင် သတင်းထုတ်ပြန်သည်။


စစ်ဆင်ရေး (၁၃) ရက်မြောက်နေ့အဖြစ် ပလက်ဝတွင် ရန်သူစစ်ကောင်စီမှ အခိုင်အမာ အခြေချထားသော ပလက်၀မြို့နယ်  တရွန်အိုင်" ဗျူဟာနှင့် နှုံးဘူး" ဗျူဟာနှစ်ခုကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး အတွက် ရက္ခိုင့်တပ်တော် (AA) ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆက်လက်ခုခံနေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နေ့လယ် (၂း ၃၀) အချိန်ခန့်တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာနှင့် ရဲရိုးပြင်ကျေးရွာအား စစ်ကောင်စီမှ တမင်ရည်ရွယ်ကာ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

 

ညနေ (၃:၃၀) နာရီအချိန်ခန့်ကလည်း ပေါက်တောမြို့အတွင်းသို့ စစ်ကောင်စီသည် တမင်တကာ ပစ်မှတ်ထား၍ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့အတွင်း ပိတ်မိနေသော မြို့ခံ (၄) ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ နေ့လယ် (၂း၃၀) အချိန်ခန့်တွင် စစ်ကောင်စီ၏ ရေတပ်မှ ရမ်းသန်း ပစ်ခတ်လိုက် သော လက်နက်ကြီးကျည်ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ၏ ဆိပ်ကမ်းတွင် ကမ်းကပ် ထားသော ဘုတ် (၁) စီး မီးလောင်ပျက်စီးခဲ့သည်။ ၎င်းရေတပ်သင်္ဘောမှ ကျောက်ဆိပ်ကျေးရွာနှင့် နီးကပ်သော ယိုးငူကျေးရွာအပါအဝင် တခြား အနီးအနား ကျေးရွာများသို့လည်း လက်နက်ကြီးဖြင့် တညနေလုံး အဆက်မပြတ် ရမ်းသန်းပစ်ခတ်ခဲ့စည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ