ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

စစ်တပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည် မပေါက်ကွဲဘဲ စစ်တွေမြို့ ဗျိုင်းဖြူရွာအနီး ကျရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.7k

မြန်မာစစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် မပေါက်ကွဲဘဲ စ်တွေမြို့ဗျိုင်းဖြူရွာ အနီးသို့ ကျရောက်လာသည်ဟု ဒေသခံများကပြောသည်။ 

 

" ဗျိုင်းဖြူရွာနဲ့  သံတော်လီရွာကြား လယ်ကွင်းမှာ လာကျတာ။ ံတော်လီ မွတ်ဆလင်ရွာရှေ့က လယ်ကွင်းမှာပေါ့ ူထိခိုက်မှုတော့ မရှိဘူး " ဟုပြောသည်။

ယနေ့ နိုဝင်ဘာ ၂၇ ရက်၊ နံနက် ၁၀ နာရီကျော်က စစ်တွေမြို့ရှိ အမှတ် ၁၂ ရဲတပ်ရင်းက ပေါက်တောမြို့သို့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

 

လက်နက်ကြီးက ပေါက်တောမြို့ရှိတဲ့ အရှေ့ဘက်ကို ပစ်တာ။ လမ်းကြောင်းလွဲပြီး ကျလာတာက အမှတ် ၁၂ ရဲတပ်ရင်းက အနီးက ဗျိုင်းဖြူရွာနှင့် သံတော်လီရွာကြား လယ်ကွင်းမှာကျတာ။ ကျလာတာက ရဲတပ်ရင်းနဲ့ သိပ်မဝေးဘူးဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုလက်နက်ကြီးကျည်မှာ ပေါက်ကွဲသွားခြင်းမရှိဘဲ မြေကြီးထဲကို ထိုးစိုက်နေသဖြင့် ဒေသခံများအတွက် စိုးရိမ်စရာဖြစ်နေပြီး အနီးအနားသို့ မသွားလာကြရန်နှင့်  အလွယ်တကူ မကိုင်မိအောင် သတိထားဖို့ လိုရကြောင်းလည်း နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

"မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေကို မထိမကိုင်ကြပါနဲ့။ မပေါက်ကွဲသေးဘဲ ကျလာတယ် ဆိုတော့ ပိုအန္တရာယ်များတယ်။ လူတွေအနေနဲ့ စပ်စုလိုစိတ်ကို လျှော့ပြီးတော့ မထိမကိုင်တာ အကောင်းဆုံးပါ" ဟုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်တွေမြို့ရှိ အမှတ် ၁၂ ရဲတပ်ရင်းက ပေါက်တောမြို့သို့ လက်နက်ကြီးကျည်များပစ်ခတ်စဥ် ပြောင်းကွဲပြီး ကျည်နောက်သို့ပွင့်ထွက်၍ စစ်ကောင်စီတပ်သားအချို့ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ (NN-13/ NN-8)


ဓာတ်ပုံ- မူရင်းရိုက်ကူးသူ

ဆက်စပ် သတင်းများ