Preview

သံတွဲမြို့မှ ရခိုင်တေးရေးဆရာ ကဗျာဆရာ လူငြိမ်းခိုင်ကို စစ်ကောင်စီဖမ်းဆီးထား ပြီး မိသားစုနှင့် အဆက်သွယ်မရဟုဆို

နိုဝင်ဘာ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :1817
ရခိုင် သတင်း

ရခိုင်တေးရေးဆရာ၊ ကဗျာဆရာ လူငြိမ်းခိုင်ကို စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းရာ ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် မိသားစုနှင့်အဆက်သွယ် ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

တေးရေးဆရာ လူငြိမ်းခိုင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက်၊ နေ့လယ်ပိုင်းတွင် သံတွဲမြို့၊ အံတော်ရပ်ကွက်() လမ်းရှိ နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိ၇သည်။

"ကားတစ်စီးနဲ့လာပြီးတော့ စစ်တပ်က အိမ်ထဲဝင်ပြီး ခေါ်သွားတာပါ။ အခုထိ သူ့ကိုဘယ်မှာထားတယ်။ ဘယ်မှာ ရှိတယ်ဆိုတာ မသိ၇သေးပါဘူး" ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

တေးရေးဆရာလူငြိမ်းခိုင်သည် အံတော်ရပ်ကွက်၊ လမ်းတွင် အသက်(၈၀)ကျော်အရွယ်မိခင်၊ ဆယ်တန်းကျောင်းသူ တူမဖြစ်သူတို့နှင့်အတူ နေထိုင်နေခြင်းဖြစ်ကြောင်း သိ၇သည်။

၄င်းအားလာရောက်ဖမ်းဆီးသည့်အချိန်တွင် စစ်ကောင်စီတပ်က နေအိမ်ထဲဝင်ရောက်ခွင့်တောင်းခဲ့ကြောင်း၊ ယင်းနောက် ၄င်း၏ဖုန်းကိုစစ်ဆေးခဲ့ပြီး လူကိုပါစစ်ဆေးမေးမြန်းစရာရှိသည်ဟုပြောကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

"စစ်သားတွေက အိမ်ပေါ်ကို တက်ခွင့်တောင်းတယ်လို့ သိ၇တယ်။ ပြီးတော့ ဖုန်းကိုစစ်ဆေးရာ ရှိတယ်ဆိုပြီး ယူပြီးကြည့်တယ်။ အဲဒါပြီးတော့ လူကိုလည်းစစ်ဆေးရာရှိလို့ ခဏလိုက်ခဲ့ဆိုပြီးခေါ်သွားတယ်လို့ သိ၇ပါတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

တေးရေးဆရာလူငြိမ်းခိုင်သည် ၇ခိုင်စတူဒီယိုခေတ်ကပင် ပရိသတ်ရင်ထဲ စွဲငြိစေသော အောင်မြင်သည့် ရခိုင်တေးသီချင်းများစွာကိုရေးဖွဲ့ခဲ့သူတစ်ဦးဖြစ်သလို မော်ဒန်ကဗျာဆရာတစ်ဦးလည်းဖြစ်ကြောင်းသိ၇သည်။

၇ခိုင်အဆိုတော်ဝင်းကိုခိုင်၏ အောင်မြင်ကျော်ကြားခဲ့သည့် "အိမ်လွမ်းစိတ်နန့် ငါ့ပင်လယ်" တေးစီးရီးတွင် ပါဝင်သည့်တေးသီချင်းများကို ကိုတင်ထွဋ်၊ တေးရေး စန်းကို၊ လူငြိမ်းခိုင်နှင့် ဝင်းကိုခိုင်တို့က စုပေါင်း ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း စစ်ကောင်စီတပ်သည် သံတွဲမြို့မှ ထူးကဲလက်ဘက်ရည်ဆိုင်ပိုင်ရှင်၊ GTI ကျောင်းဆရာတစ်ဦးအပါအဝင် အမျိုးသား ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိ၇သည်။ (NN-23)

Photo - Lu Nyein Khine fb

#သံတွဲမြို့
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.