Preview

စစ်တွေ တောကန်ရွာတွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးချ၍ မိသားစုတစ်စုမှ လူရ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :7456
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ တောကန်ကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းလည်း တစ်စုံတစ်ရာ မရှိဘဲ ယနေ့ညနေ ၆ နာရီခန့်ကစစ်ကောင်စီတပ်က  ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၍  ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုအဖွဲ့ဝင်  ရ ဦး ဒဏ်ရာရရှိသွားသည်။

စစ်ကောင်စီဒရုန်းဖြင့် ဗုံးသီးပစ်ချခဲ့သည့်နေရာသည်စစ်တွေမြို့နှင့် မနီးမဝေးတွင် တည်ရှိသည့် တောကန်ကျေးရွာ၏ အလယ်တန်းစာကျောင်း အနီးက လူနေအိမ်ရှေ့တွင်ဖြစ်ပြီး ကျရောက် ပေါက်ကွဲသည့် အပိုင်းအစများအိမ်ထဲသို့စဉ်လာကာ အိမ်ရှိမိသားစုဝင် ရ ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်းဒေသခံများက ပြောသည်။

ဒဏ်ရာရရှိသွားသည့်ဒေသခံ ၇ ဦးအနက် ၄ ဦးမှာဒေါ်ခင်နု (၃၅)နှစ်၊ မဖြိုး (၂၈) နှစ်၊ ကိုဖြိုးဝင်းမောင် (၁၅) နှစ်နှင့် မောင်ထက်သူ၇ (၁၀)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့ လေးဦးမှာ ဒဏ်ရာများသဖြင့် စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်း တောကန်ရွာဒေသခံတစ်ဦးကပြောသည်။

"ဒရုန်းနဲ့ အပေါ်က လာချတာ။ အိမ်၀မှာကျတယ်။ အိမ်ထဲမှာထမင်းစားနေကြတာကို လက်နက်အပိုင်းအစတွေက လာစဉ်တယ်။ စစ်တပ်ဘက်က ဒရုန်းပါ။ မိသားစုတွေဒဏ်ရာရသွားကြတာပါ။ လက်တွေ၊ ပေါင်တွေမှာ ဒဏ်ရာ၇သွားပါတယ်"ဟုပြောသည်။

အဆိုပါစစ်ကောင်စီဒရုန်းသည် ယင်းအိမ်ရှေ့အ၀တွင် ဗုံးကို ပစ်ချပြီးနောက် ချက်ချင်း ပြန်ထွက်သွားသည်ဟုလည်း မျက်မြင်ဒေသခံတစ်ချို့က ပြောသည်။

လက်ရှိတွင်ဒဏ်ရာရရှိထားသူများအနက် ဒဏ်ရာများသည့်ဒေသခံလေးဦးကို ယနေ့ညနေ ရ နာရီကျော်ခန့်တွင် အရေးပေါ်လူနာတင်ကားဖြင့်စစ်တွေဆေးရုံသို့ ပို့ဆောင်နေကြောင်းသိရသည်။ 

နောက်ထပ်ဒဏ်ရာအနည်းအကျဉ်းရရှိသူများကိုယင်းအိမ်၌ပင် ဆေးထည့်ထားပြီး အခြေအနေမစိုးရိမ်ရကြောင်း ဒေသခံများကပြောသည်။

၇ခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့နိုဝင်ဘာလ ၂၆ ရက်ကလည်းစစ်ကောင်စီဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ဒဏ်ရာရရှိသွားခဲ့သည်။

တောကန်ကျေးရွာသည် စစ်တွေမှ မိုင်အနည်းငယ်သာကွာဝေးပြီး  ဝါဘိုကျေးရွာသို့ သွားရာလမ်းတွင် တည်ရှိကာ တစ်ရွာနှင့် တစ်ရွာ ချောင်းတစ်ဘက်တစ်ကမ်းဖြစ်ကြောင်းသိ၇သည်။   (NN-8)

ဓာတ်ပုံ-ပေးပို့

#စစ်ကောင်စီ#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.