Preview

ဘူးသီးတောင်တွင် စစ်ကောင်စီကလက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေး ၂ ဦးအပါအဝင် မွတ်ဆလင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :1414
ရခိုင် သတင်း

၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် မွတ်ဆလင် ကလေး ၂ ဦး အပါအဝင်  ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။

လက်နက်ကြီးကျည်စထိမှန်မှုကြောင့် သေဆုံးသွားသူများမှာ ကွန်တိုင်အုပ်စု ဝါးချီးလားရွာမှ အာရုရူလ္လာ(၈) နှစ်၊ အဒူလ္လာ(၁၀)နှစ်နှင့် ဒေါ် ဘေဇာ(၆၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ဆော်မီယုလ္လာ (၃၈)နှစ်၊ ဂျော်ဟာယေး(၂၈)နှစ်၊မူဇီဆမ်း(၁၉)နှစ်၊ မီဇမ်း(၃၀)နှစ်၊နူရူဇာမက်(အသက်မသိရသေး)နှင့် အမည်နှင့်အသက်မသိ၇သေးသည့်အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟုဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်၊ ညနေ ၅ နာရီခန့်က ဘူးသီးတောင် အခြေစိုက် စစ်ကောင်စီ၊ ခမ၇ ၅၆၄၊ ၅၆၅ တို့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်မြို့နယ်၊ အရှေ့ပြင်ရှည်(မွတ်ဆလင်)ကျေးရွာသို့လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ ယင်းအထဲမှ လက်နက်ကြီးကျည်တစ်လုံးသည်  ဝါးချီးလားရွာ၏ အရှေ့ဘက်ဈေးအနီး စိုက်ခင်းတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။ 

ယင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့်စိုက်ခင်းအတွင်း ရှိနေသူများ ယခုကဲ့သို့သေဆုံး၊ ဒဏ်ရာရသွားကြခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့ခံအမျိုးသမီးတစ်ဦးကနိရဉ္စရာကို ပြောသည်။

"မြို့ထဲကပစ်တာ မဟုတ်ပါဘူး။ ၅၆၄၊ ၅၆၅ တို့က လှမ်းပစ်ခဲ့တာ။သုံးလုံးလောက်ကြားလိုက်တယ်။ မွတ်ဆလင်ရွာဘက်မှာတစ်လုံးကျပြီး သုံးယောက်သေတယ်။အခုမြို့ပေါ်ကဆေးရုံမှာ ရောက်နေကြတယ်။ ဒဏ်ရာ၇တဲ့လူတွေလေ" ဟုပြောသည်။

စစ်ကောင်စီတပ်သည် လူနေကျေးရွာများသို့ လက်နက်ကြီးများအကြောင်းမဲ့ ပစ်ခတ်နေသည်ဟု   ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့ခံတစ်ဦးက "မနေ့ကတိုက်ပွဲမရှိပါဘူး။အကြောင်းမဲ့ပစ်နေတာပါ"ဟုပြောသည်

လက်ရှိတွင် ဒဏ်ရာ၇ လူနာ ၆ ဦးမှာ ဘူးသီးတောင်မြို့ ဆေးရုံကြီးတွင်ဆေးကုသမှု ခံယူနေရကြောင်း သိ၇သည်။ (NN-11)

#ဘူးသီးတောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.