Preview

မြောက်ဦး၊ ပေါက်တောမြို့နယ်ထဲမှ ကျေးရွာများသို့ မြန်မာစစ်တပ်က လက်နက်ကြီးများ ညအချိန်ပစ်ခတ်

နိုဝင်ဘာ ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :1893
ရခိုင် သတင်း

(လူနေအိမ်အချို့ ထိခိုက်ပျက်စီး)

 ရခိုင်ပြည်နယ်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြောက်ဦးနှင့် ပေါက်တောမြို့နယ်မှ လူနေ ကျေးရွာများကိုမြန်မာစစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကျေးရွာများထဲတွင် ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များပျက်စီးမှုရှိနေကြောင်း သတင်းရရှိသည်။

ပေါက်တောမြို့နယ်၊ ဟင်းခရော်ကျေးရွာနှင့်မြောက်ဦးမြို့နယ်၊ ကုလားပုန်းကျွန်းရှိ ကျေးရွာအများအပြားကိုယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ ညအချိန်တွင် စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များ ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလက်နက်ကြီးကျည်များကို ဟင်းခရော်မြစ်အတွင်းရပ်နားနေသည့် စစ်ကောင်စီ ရေတပ်နေဗီနှင့် ပုဏ္ဏားကျွန်းအခြေစိုက်၅၅၀ စစ်ကောင်စီတပ်တို့က ညနေ ၆ နာရီကျော်ခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအနီးတွင် ကျရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ်၊ကုလားပုန်းကျွန်းမှ  ညောင်ပင်လယ်ကျေးရွာသူအမျိုးသမီးတစ်ဦးကရေတပ် စစ်သင်္ဘောကပစ်တာက လမ်းပိုက်ချောင်းရွာမှာ တစ်လုံးကျတယ်။ ဘုန်းကြီးကျောင်း အနီးတွေမှာလည်းကျတယ်။ အလယ်ကန်အနားက လယ်ကွင်းမှာ ၂လုံးကျတယ်။နတ်တောအနားမှာလည်း ကျတယ်။ သချိုင်းအနီးက လယ်ကွင်းတွေမှာလည်း ကျတယ်ဟုပြောသည်။

ကုလားပုန်းကျွန်းတွင် ညောင်ပင်လယ်ရွာအပါအဝင်နတ်ချောင်းရွာဟောင်း၊ နတ်ချောင်း ရွာသစ်၊ ဂျင်ချေနှင့်ဇီးပင်ကြီးစသည့် ရွာ (၅)ရွာရှိပြီးပုဏ္ဏားကျွန်းမြို့ အရှေ့ဘက်ကုလားတန်မြစ် တစ်ဘက်ကမ်းတွင် တည်ရှိသည်။

နောက်ထပ်ဒေသခံတစ်ဦးကလည်းပုဏ္ဏားကျွန်း (၅၅၀)က ပစ်တာက တာတမံအနီးမှာ ကျတယ်။နေဗီကပစ်တာကတော့ ရွာအနီးက လယ်ကွင်းတွေမှာ ကျတယ်။အားလုံးက အလုံး ၅၀ လောက်ရှိမယ်။ လူတွေက ကြောက်ပြီး အားလုံးက ပုန်းနေကြရတယ်။ မနေ့ကတစ်ညလုံးမအိပ်ရဲကြဘူး။ ဒီနေ့လည်း ဘယ်လိုဖြစ်မယ်ဆိုတာစိုးရိမ်နေကြတယ်ဟုလည်း ပြောသည်။

လက်နက်ကြီးကျည်များမှာရွာအပြင်တွင်ကျရောက်ခဲ့သည့်အတွက် လူနှင့် တိရစ္ဆာန်များမှာ တစ်စုံတရာထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။

ထို့အပြင်ပေါက်တောမြို့နယ်၊ ဟင်းခရော်ရွာကိုလည်း အလုံး ၂၀ ခန့်ပစ်ခတ်ခဲ့သည့် အတွက်လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိ၇သည်။

ကုလားတန်မြစ်နှင့် ဟင်းခရော်မြစ်ဆုံအနီးတွင်အထိုင်ချ၍ပစ်ခတ်နေခဲ့သည့် စစ်ကောင်စီရေတပ်သင်္ဘောသည်လက်ရှိတွင် စစ်တွေဘက်သို့ ပြန်သွားပြီဖြစ်ကြောင်းဒေသခံများက ပြောသည်။ (NN-14)

 

ဓာတ်ပုံ- ကုလားတန်မြစ်အတွင်း ရပ်နားထားသည့် စစ်ကောင်စီနေဗီတစ်စီးကိုပြီးခဲ့သည့်ရက်ပိုင်းက တွေ့၇စဥ်။

 

#မြောက်ဦး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.