အကြမ်းဖက် စစ်ကောင်စီကရခိုင်တစ်ပြည်လုံးအနှံ့ ကုန်းလမ်းနှင့်ရေလမ်းတို့ကို ပိ
ကျောက်ဖြူမြို့ရှိ ဆားပြင်ကွင်းရပ်ကွက်နှင့် ငလပွေ့ရွာရှိငါးကန်အနီး၌ နေထိုင်သည့် ဒေသခံများမှာဆင်းရဲပင်ပန်းကြပြီး ဆန်ဈေးနှုန်းများ မြင့်တက်နေသလို ဆန်ရှားပါးနေ၍ ဆန်ကွဲကိုပင်ကျိုချက်စားသောက် နေကြရသည်ဟုလည်းမြို့ခံတစ်ဦးက ပြောသည်။
“ဆန်ဆိုင်တွေမှာရှိတဲ့ ဆန်ကွဲ၊ နောက်လူတွေမှာရှိတဲ့ ဆန်ကွဲတွေရှာကြံပြီး စားသောက်ရတယ်။တချို့တွေဆိုရင် ရခိုင်မုန့်တီလုပ်ထားတဲ့ဆန်တွေကိုတောင် စားနေရတယ်။ အရေးကြီးတာက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အာဟာ၇ ပြတ်လာမှာပေါ့” ဟုပြောသည်။
ကျောက်ဖြူတွင်ယခင်က ဆန်တစ်အိတ်ကို ကျပ်ငွေ၆ သောင်းခန့်ရှိပြီး လက်ရှိတွင် ကျပ် ၁၃၀၀၀၀ ခန့်အထိရှိနေသော်လည်း ဝယ်ယူရန် အလွန်တရာ ခက်ခဲနေကြောင်းမြို့ခံများက ပြောသည်။
မြို့ခံတစ်ဦးက“ဆန်ရောင်းဖို့လာတဲ့ ဘုတ်တချို့ကိုတောင်မှ နေဗီတွေကရပ်ခိုင်းပြီးတော့ သူတို့ယူချင်ရာယူပြီး မြို့ကိုမဝင်ရဘဲပြန်လွှတ်လိုက်တယ် ဆိုတာမျိုးတွေ
ကျောက်ဖြူမြို့ကိုကုန်းလမ်းဖြင့် ဝင်ရောက်နိုင်သည့်ကျောက်ဖြူ-ရန်ကုန် ကားလမ်းရှိ ကျောက်တလုံးမြို့အဝင်ဂိတ်တွင်စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည့်အပြင်သံဇစ်မြစ်တွင်ရှိသည့် စစ်သင်္ဘောကလည်းရေလမ်းကြောင်းကိုတင်းကျပ်စွာ ပိတ်ပင်ထားသည်ဟုလည်း ဒေသခံများက ပြောသည်။
နောက်ထပ်မြို့ခံတစ်ဦးက“ဆန်ဝယ်ထားတဲ့ သူတချို့ရှိပေမဲ့ ရှိတဲ့သူဝယ်နိုင်တယ်။လူတိုင်းဝယ်နိုင်တာမှ မဟုတ်တာ။ ဆန်ဝယ်ထားလိုက်တဲ့သူတချို့က ဈေးတွေတအားတင်ပြီး ရောင်းတာတွေလည်း ရှိတယ်။ ဆန်က ဝယ်ဖို့ဆိုရင်သူ့နည်းသူ့ဟန်နဲ့တော့ ရနိုင်ပေမဲ့ ဈေးအလွန်ကြီးနေတာတွေလည်းရှိတယ် ” ဟုပြောသည်။
လက်ရှိတွင်၇ခိုင်ပြည်၌ တကျော့ပြန်တိုက်ပွဲများစတင်ဖြစ်