Preview

ရခိုင်တွင် တကျော့ပြန်စစ်ပွဲကြောင့် စစ်ရှောင်သူလူဦးရေ ၂ သိန်းနီးပါးအထိ ထပ်တိုးလာ

နိုဝင်ဘာ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :1737
ရခိုင် သတင်း

၇ခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာ၁၃ ရက်မှ ၂၉ ရက်အထိ စစ်ဘေးရှောင်အသစ်၂သိန်းနီးပါး အထိ တိုးလာကြောင်း သိရသည်။


ယင်းအနက်ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ရ သောင်းကျော်အထိ အများဆုံးဖြစ်နေသည်ဟု ရက္ခိုင်ပြည်အရေးပေါ်ကူညီကယ်ဆယ်ရီးပူးပေါင်းအဖွဲ့(Arakan Responders ForEmergency) မှတာဝန်ရှိသူတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“စာရင်းအတိအကျ ကောက်ရတာခက်ပေမယ့်လက်ရှိအချိန်ထိတော့ ၂ သိန်းနီးပါးအထိရှိနေတယ်။ ခုဆိုရင်မောင်တောတို့ဘူးသီးတောင်တို့ဆိုလည်း တိုးလာတာပေါ့နော်။ ပုဏ္ဏားကျွန်းဘက်ကလည်းသိသိသာသာ တိုးလာတယ်” ဟုပြောသည်။

ရခိုင်မှစစ်ပြေးတိမ်းရှောင်နေရသည့် မြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊မင်းပြား၊ရသေ့တောင်တို့တွင်အများဆုံးဖြစ်နေပြီး မောင်တော၊ ဘူးသီးတောင်၊မြေပုံတို့ဘက်မှလည်း စစ်ရှောင်သူများတိုးလာကြောင်း သိရသည်။

ပေါက်တော၊မင်းပြား၊ ပုဏ္ဏားကျွန်းဘက်တို့တွင် ရွာလုံးကျွတ်ထွက်ပြေး နေရသူများပင်ရှိကြောင်းလည်းသိရသည်။

လက်ရှိတွင်စစ်ဘေးရှောင်အတွက် စားဝတ်နေရေးအတွက်အကူညီလိုအပ်နေသည်ဟုပရဟိတလုပ်နေသူ ပေါက်တောမြို့မှ အမျိုးသားတစ်ဦးကနိရဥ္စရာကိုပြောသည်။

“အဓိကတော့ စားနပ်ရိက္ခာပါ။ လမ်းတွေပိတ်ထားတော့ ကူညီပေးမယ့်အဖွဲ့တွေက သွားရလာရနည်းနည်းတော့ ကျပ်တာမျိုးရှိတာပေါ့နော်။စစ်ရှောင်တွေဆီကို အကူညီအချိန်မီမရောက်နိုင်တာမျိုးလည်းရှိတယ်”ဟု ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည်နီးစပ်ရာကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများနှင့်အသိမိတ်ဆွေများ၏နေအိမ်များတို့တွင် ကျပ်ကျပ်တည်းတည်း နေထိုင်နေရခြင်းဖြစ်သည်ဟုကူညီပေးနေသူများက ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည်နိုဝင်ဘာ ၁၃ ရက် တကျော့ပြန် တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရပ်ရွာများကိုတိုက်ပွဲဖြစ်မှုမရှိဘဲ နေ့နှင့်ညပါလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသည့်အတွက် အသက်အန္တရာယ်စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)၏ နိုဝင်ဘာလ ၁၆ ရက်အထိ စာရင်းများအရ၇ခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ဒုက္ခသည် စုစုပေါင်း ၉သောင်းအထိ ရှိလာသည်ဟု နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းအထဲမှအသစ်ထပ်တိုးလာသည့် ၂၆,၀၀၀ ကျော်သည် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA) တို့အကြား နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်း  တိုက်ပွဲများကြောင့် ထွက်ပြေးရသည့်အရေအတွက်ဖြစ်သည်ဟု ဆိုထားသည်။ (NN-11)

ဓာတ်ပုံ- ARE

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.