အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်းလက်နက်ကိုင်တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ISP-Myanmar ထုတ်ပြန်
မြန်မာနိုင်ငံတွင် "စစ်ဆင်ရေး ၁၀၂ရ" တစ်လတာနီးပါးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကရင်နီဒေသတို့တွင် တိုက်ပွဲပေါင်း (၅၂၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု မြန်
၎င်းထုတ်ပြန်ချက်တွင် “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းမှာ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မြို့နယ် ရ၇ ခု၊ ၂၀၂၃ ခုနှစ်မှာ 'စစ်ဆင်ရေး ၁၀၂၇' စတင်ပြီးတဲ့နောက် (နိုဝင်ဘာလအထိ) မြို့နယ် ၃၄ ခု၊ စုစုပေါင်း ၁၁၁ မြို့နယ် ထပ်တိုးလာခဲ့ကြောင်း" ဖော်ပြထားသည်။
အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၂၂၁ ခုထက်မနည်း (မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း)၌ လက်နက်ကိုင် တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိ၇သည်။
၎င်းပြင် “ စစ်အာဏာသိမ်းမှုအလွန် သုံးနှစ်ပြည့်လုပြည့်ခင်ကာလတွင် နိုင်ငံအနှံ့ စစ်ဆင်ရေးနယ် ကျယ်ပြန့်လာမှုနှင့် အတူ ပြည်တွင်း စစ်ပြေးဒုက္ခသည်လည်း လေးသန်းကျော်ရှိလာခဲ့ကြောင်း၊ နိုင်ငံအနှံ့မြို့နယ် စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းကျော်တွင် တိုက်ပွဲများ ဖြစ်လာချိန် စစ်ပြေးဒုက္ခသည် ကလည်း နိုင်ငံ့လူဦးရေ၏ ခုနစ်ရာခိုင်နှုန်းကျော်အထိ ရှိလာသည်ဟု ဆိုနိုင်ကြောင်း” ဖော်ပြထားသည်။
လေးသန်းကျော်ပမာဏထဲက သုံးသိန်းကျော်မှာ "စစ်ဆင်ရေး ၁၀၂၇"စတင်ပြီးနောက်ပိုင်း ထပ်တိုးလာခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ဆင်ရေး ၁၀၂ရကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပြေးဒုက္ခသည် တဟုန်ထိုးများ လာခဲ့ကြောင်း၊ ရှမ်းပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည် ၁၂၁,၇၁၁ ဦးဝန်းကျင် ရှိရာကနေ "စစ်ဆင်ရေး ၁၀၂၇"စပြီးတဲ့နောက် ၉၃,၀၀၀ ကျော်တိုးခဲ့တာကြောင့် စစ်ပြေးဒုက္ခသည် ရရ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့သည်ဟုသိရသည်။
၇ခိုင်တွင် တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာ၁၃ရက်မှ၂၀ထိ စစ်ရှောင်ဦးရေ ၄၆၀၀၀ ကျော်အထိရှိလာကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်၇ ဦးခိုင်သုခက နိုဝင်ဘာ ၂၁ ရက်နေ့က ပြောကြားထားသည်။ နိုဝင်ဘာ ၂၈ရက်နေ့ထိ ၂ သိန်းနီးပါး အထိရှိလာသည်ဟု Arakan Responders ForEmergency မှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။ (NN-11)