Preview

စစ်တွေတွင် ဆန်နှင့်စက်သုံးဆီကို ဈေးလျှော့ရောင်းနေ၍ အလုအယက် တန်းစီဝယ်ယူနေကြရ

နိုဝင်ဘာ ၃၀/ ၂၀၂၃ | ကြည့်ရှုသူ :2886
ရခိုင် သတင်း

၇ခိုင်ပြည်နယ်မြို့တော်စစ်တွေမြို့တွင်ဆန်နှင့်စက်သုံးဆီကိုဈေးလျှော့ရောင်းချပေးနေသည့်ဆိုင်များ၌အလုအယက် တန်းစီကာ ဝယ်ယူနေကြ၇သည်။

ယနေ့နိုဝင်ဘာလ ၃၀ ရက်တွင် လက်လုပ်လက်စားများနှင့် အခြေခံလူတန်းစားများအတွက် စစ်တွေမြို့ရှိ အကယ်ဒမီဆန်ဆိုင်က ဆိုင်ရှေ့တွင် သီရိဒုံဆန်တစ်အိတ်ကို ၈၀၀၀၀ ကျော်ဖြင့်လည်းကောင်း၊ ၇ခိုင်ဆန်စပါးကုမ္ပဏီက စစ်တွေမြို့မဈေးကြီးအနီးတွင် သီရိဒုံဆန်တစ်အိတ်ကို ၇၅၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးနေခြင်းဖြစ်သည်။

ထို့အတူ ယနေ့ နံနက်က အခြေခံလက်လုပ်လက်စားများအတွက်ရည်ရွယ်၍ အောက်တိန်း ၉၂ တစ်လီတာကို ၄၅၀၀ ကျပ်ဖြင့် စစ်တွေမြို့၊ ကုန်တန်းရပ်ကွက် BOC လမ်းဆုံအနီးရှိ စက်သုံးဆီဆိုင်တွင် ရောင်းချလျက်ရှိရာ ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြ၇သည်။



စစ်တွေတွင် အခြေခံလက်လုပ်လက်စားများအတွက် ဆန်နှင့် စက်သုံးဆီ ဈေးလျှော့ရောင်းချခြင်းကို လောလောဆယ် ယနေ့ တစ်ရက်တည်းတွင်သာ ရောင်းချပေးနေခြင်းဖြစ်သည်။

စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် ဆီတန်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင်လည်း စက်သုံးဆီဝယ်ယူရန် ယနေ့ နံနက်ကပင် စောင့်ဆိုင်းနေကြသည့် ဒေသခံအများအပြားလည်း ရှိနေကြောင်း တွေ့၇သည်။

စစ်တွေမြို့တွင် စက်သုံးဆီအရောင်းဆိုင်များအားလုံးနီးပါး ပိတ်ထားပြီဖြစ်ပြီး အောက်တိန်း ၉၂ တစ်လီတာကို ကျပ် ၈၀၀၀ အထိ ဈေးပေါက်လျက်ရှိသလို လုံး၀ဝယ်ယူ၍မ၇နိုင်သည့်အခြေအနေကို ရောက်နေပြီဟု ဒေသခံများက ပြောသည်။



၇ခိုင်တွင် တကျော့ပြန်တိုက်ပွဲများစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်ကပင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထားခဲ့သဖြင့် စားသောက်ကုန်ဈေးနှုန်းများနှင့် စက်သုံးဆီဈေးနှုန်းများမှာ တစ်နေ့ထက်တစ်နေ့မြင့်တက်လာခဲ့ပြီ ဝယ်ယူမ၇တော့သည်အထိ ပြတ်လပ်မှုများရှိလာနေသည်။

လက်လုပ်လက်စားများနှင့် အခြေခံလူတန်းစားများအနေဖြင့် ဈေးကြီးမြင့်စွာရောင်းချနေကြသည့် အခြေခံစားကုန်များကို ဝယ်ယူစားသောက်နိုင်သည့်အခြေအနေ မရှိသလောက် ဖြစ်လာနေပြီး အငတ်ဘေးနှင့်ကြုံတွေ့လာနိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။ (NN-8)

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.