ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သာလီစွသွေးအလှူရှင်အသင်းမှ ကားဒရိုင်ဘာ ယာဉ်မောင်း တစ်ဦးအပါအဝင်ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသမီး ၂ ဦး ဖမ်းဆီးခံ၇သည်ဟု ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီခံရသူများမှာ အဆိုပါရွာမှ သံတွဲမြို့နယ်၊ နတ်တောင်မော်ရွာမှ ရာအိမ်မှူးဖြစ်သူ ဦးဇော်နိုင် (၃၉) နှစ်၊ ဒေါ်ရီရီခင်နှင့် သမီးဖြစ်သူ အသက် ၂၀ နှစ်အရွယ် မရွှေရီဝင်းနှင့် သာလီစွသွေးအလှူရှင်အသင်းမှ ယာဉ်မောင်း အသက် ၄၆ နှစ်အရွယ် ဦးမိုးဝေတို့ဖြစ်ကြသည်။
၎င်းတို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ ၂၀ ခန့်က တေဘာကား ၂ စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သားများသည် ရာအိမ်မှူးဖြစ်သူ ဦးဇော်နိုင်ကို လမ်းပြခိုင်းပြီး ဦးမျိုးဝင်းဆိုသူအား နေအိမ်သို့ လာရှာကြောင်း၊ ဦးမျိုးဝင်းကို နေအိမ်တွင် ရှာမတွေ့သဖြင့် ဒေါ်ရီရီခင်တို့သားမိနှစ်ဦးကို ဖမ်းဆီးခေါ်သွားသည့်အပြင် လမ်းပြပေးသည့် ရာအိမ်မှူးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
“ ဦးမျိုးဝင်းရှာဖို့ဆိုပြီးတော့ သူ့အိမ်ကို ရာအိမ်မှူးကို လမ်းပြခိုင်းတယ်။ ဦးမျိုးဝင်းကိုရှာမတွေ့တော့ ဇနီးဖြစ်သူ ရီရီခင်တို့ သားမိနှစ်ယောက်ကို တေဘာကား(ကျောက်တင်ကား) ပေါ်တင်ခေါ်သွားတယ်။ ပြီးတာနဲ့ ရာအိမ်မှူးကိုပါ ပြန်မလွှတ်ဘဲ စစ်ဆေးစရာရှိတယ်ဆိုပြီး တစ်ပါတည်းခေါ်သွားတာ ” ဟုပြောသည်။
ဦးမျိုးဝင်းသည် လယ်လုပ်ပြီး ကြက်မွေးမြူရေးလုပ်ကိုင်သူဖြစ်
ထို့အတူ သံတွဲမြို့၊ ဒွာရာ၀တီ အမှတ် (၈)ရပ်ကွက်၊ မင်းဗာကြီးလမ်းရှိ သာလီစွသွေးအလှူရှင်အသင်းမှ ယာဉ်မောင်း တစ်ဦးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဦးမိုးဝေကိုလည်း စစ်ကောင်စီမှ ၎င်းရုံးသို့လာရောက် ဖမ်းဆီးသွား
“ သူ့ကို ရုံးထိလာပြီး နေ့လယ် ၂ နာရီလောက်က လာဖမ်းသွားတာ။ ဘာလို့လဲတော့မသိဘူး။ အခုထိ အဆက်အသွယ်မ၇သေးဘူး ” ဟုပြောသည်။
စစ်ကောင်စီက သူတို့၄ ဦးကို ငပလီမြို့ အမှတ် (၅၅) ခြေမြန်တပ်ရင်းသို့ ခေါ်ဆောင်သွားသည်ဟု သိ၇သည်။
၎င်းတို့နှင့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အဆက်အသွယ်မရရှိကြောင်း နီးစပ်သူများထံမှ သိ၇သည်။
သံတွဲမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်၊
အလားတူ နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့ကလည်း မြို့ပေါ်မှ လက်ဘက်ရည် ဆိုင်ပိုင်ရှင်နှင့်