Preview

၇ခိုင်တွင် စက်သုံးဆီတစ်လီတာကို ကျပ် ၁ သောင်းဝန်းကျင်အထိ စံချိန်တင်မြင့်တက်

ဒီဇင်ဘာ ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :6589
ရခိုင် သတင်း

၇ခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားပြီးနောက်စက်သုံးဆီ 92 တစ်လီတာလျှင် ငွေကျပ်၁ သောင်းဝန်းကျင်အထိစံချိန်တင် မြင့်တက်လာသည့် အပြင် တချို့မြို့နယ်များတွင် ဝယ်ယူ၍ မရသည့်အထိရှားပါးနေသည်ဟု ဒေသခံများက ပြောသည်။

ယခုတကျော့ပြန်စစ်မဖြစ်မီက မြောက်ဦးမြို့တွင် စက်သုံးဆီဈေး92 ၁ လီတာကို ကျပ် ၂၄၀၀ ခန့်ရှိခဲ့ပြီး လက်ရှိတွင်ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကျပ်အထိမြင့်တက်နေသည့်အပြင် ဆီပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေရသည်ဟုမြို့ခံတစ်ဦးက ပြောသည်။ 

“ဆီက ရှာလို့တောင် မတွေ့တော့ဘူး။ဒီကိုသွားလည်း မရ။ ဟိုကိုသွားလည်း မရ။တခြားမြို့တွေကတစ်ဆင့်ခံရောင်းတယ်လို့လည်း ကြားပါတယ် ”ဟုပြောသည်။

နိုဝင်ဘာလတကျော့ပြန် စစ်မဖြစ်မီအထိ ၇ခိုင်ပြည်၏မြို့တော်စစ်တွေတွင်စက်သုံးဆီတစ်လီတာကို လမ်းဘေးဆိုင်များ၌ ၂၂၀၀ကျပ်သာရှိခဲ့ပြီး လက်ရှိ နိုဝင်ဘာ ၃၀ ရက်တွင်ကျပ် ၅၀၀၀ အထိ မြင့်တက်နေသည်ဟုသိရသည်။

တချို့နေရာများတွင် အချိန်အကန့်အသတ်ဖြင့် ရောင်းချနေပြီးတချို့နေရာများတွင် စက်သုံးဆီပြတ်လပ်မှုနှင့်ကြုံတွေ့နေရသည်ဟု စစ်တွေမြို့ခံတစ်ဦးကနိရဉ္စရာကို ပြောသည်။

“စစ်မဖြစ်ခင်တစ်ရက် ၂၂၀၀ ပဲရှိတယ်။ စစ်ဖြစ်ပြီးတော့ ၃၀၀၀ ဖြစ်လာတယ်။ အခုက၅၀၀၀ အထိ ဖြစ်နေပြီ။ ဒါတောင် အကန့်အသတ်နဲ့ရောင်းတာ။မနက် ၁၁ နာရီလောက်ပဲ ရှိသေးတယ်။ ဆိုင်ပိတ်လိုက်ကြပြီ။ဆီမရှိလို့လား။ နောက်နေ့တွေမှာ တင်ရောင်းမလို့လားမသိဘူးပေါ့နော်။အခုဆိုရင် စက်သုံးဆီဆိုင်ကြီးတွေက ပိတ်ထားကြပြီ” ဟုပြောသည်။

ယင်းအပြင် ပရဟိတအသင်းများတွင်လည်းယခင်ကကြိုထည့်ထားသည့် စက်သုံးဆီများဖြင့် အသုံးပြုနေပြီးထိုဆီများကုန်ခမ်းသွားမည်ဆိုပါက အလှူငွေလည်း မရရှိသည့်အတွက် လူမှုကူညီရေးလမ်းကြောင်းများကိုရပ်နားထားရမည့်အခြေအနေရှိနေသည်ဟု မြောက်ဦးမြို့မှ ကရုဏာလှိုင်း သွေးအလှူရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

သံတွဲမြို့တွင်လည်းယခင်က စက်သုံးဆီတစ်လီတာကိုကျပ် ၂၃၀၀ ခန့်ရှိခဲ့ပြီး လက်ရှိတွင် ကျပ် ၈၀၀၀ မှ ၉၀၀၀ အထိ မြင့်တက်နေသော်လည်းစက်သုံးဆီများ ပြတ်လပ်နေသဖြင့် ဆီဆိုင်ကြီးများတွင်တန်းစီ၍ အကန့်အသတ်ဖြင့် ဝယ်ယူနေ၇ကြောင်း မြို့ခံများက ပြောသည်။

ထို့အတူ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်းစစ်မဖြစ်မီက စက်သုံးဆီ ၁ လီတာကို ၂၇၀၀ကျပ်ရှိခဲ့ပြီးလက်ရှိတွင် ကျပ် ၈၅၀၀ အထိ မြင့်တက်နေသလို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“လောလောဆယ်ကတော့ ပြတ်လပ်တာတော့ မရှိဘူး။ အများကြီးဝယ်လို့တော့ မရဘူး။နှစ်လီတာလောက်ပဲ ဝယ်လို့ရတယ်။ ဒီလိုအခြေအနေ တစ်ခုကိုကာလတိုတစ်ခုဆိုရင် အံကြိတ်ပြီးဖြတ်သန်းနိုင်တာပေါ့။ ကာလရှည်ဆိုရင်ဘယ်လိုတောင့်ခံနိုင်မလဲပေါ့” ဟုပြောသည်။

မောင်တောမြို့တွင်လည်း နိုဝင်လာလအစောပိုင်းကစက်သုံးဆီတစ်လီတာကို ကျပ် ၂၈၀၀ ရှိခဲ့ပြီး လက်ရှိတွင် ကျပ် ၅၅၀၀ အထိ မြင့်တက်နေကြောင်းမြို့ခံများက ပြောသည်။

လက်ရှိ၇ခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများစတင်ဖြစ်ပွားသည့် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီကတစ်ပြည်နယ်လုံးအနှံ့ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ပင်ထား၍ စက်သုံးဆီများတင်သွင်းခွင့်မရှိသည့်အတွက် ဆီပြတ်လပ်မှုများကို ကြုံနေရခြင်းဖြစ်သည်။

ထို့သို့စက်သုံးဆီပြတ်လပ်၍ စက်သုံးဆီအသုံးပြုနေရသူများတွင် အလွန်တရာအခက်အခဲဖြစ်ပေါ်နေရကြောင်းသိ၇သည်။ (NN-13)

ပုံ- တကျော့ပြန်တိုက်ပွဲဖြစ်ပွားသည့် နောက်ပိုင်း သံတွဲမြို့ရှိ ဆီဆိုင်ကြီးများတွင် မြို့ခံများတန်းစီ၍ ဆီဝယ်ယူနေ၇ပုံ

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.