Preview

စစ်တွေ မြို့သူကြီးရပ်ကွက် လဘက်ရည်ဆိုင်တစ်ခုမှ လူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

ဒီဇင်ဘာ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :3429
ရခိုင် သတင်း

( နှစ်ရက်အတွင်း လူငယ် ၂၁ ဦးဖမ်းဆီးခံ၇)

၇ခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်ရှိ လဘက်ရည်ဆိုင်တစ်ခုမှ လူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ ၁ ရက်၊ ညနေ ၃ နာရီခန့်၌  စစ်ကောင်စီတပ်က မြို့သူကြီး ရပ်ကွက်ရှိ Winnerကိုယ်ပိုင် အထက်တန်းကျောင်းရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင်လက်ဖက်ရည်သောက်နေကြသူများအနက် လူငယ် ၁၀ ဦးကို ဖမ်းဆီးသွားသည်ဟု မျက်မြင်တစ်ဦးကနိရဉ္စရာကိုပြောသည်။

"စစ်ကားလာတယ်။ ဖမ်းခံရတဲ့သူတွေကို လက်မြှောက်ခိုင်းပြီးကားပေါ် တင်သွားတယ်။ အဲဒီဖမ်းခံ၇တဲ့ လူတွေက ဘာမှလုပ်တာမဟုတ်ပါဘူးဗျာ"ဟုပြောသည်။

ယင်းသို့ဖမ်းဆီးမှုများလာသည့်အတွက် မိဘများမှာသားသမီးများအတွက် စိုးရိမ်ပူပင်နေ၇သည်ဟု စစ်တွေမှ မိခင်တစ်ဦးက ပြောသည်။

"သားတွေက လက်ဖက်ရည်ဆိုင်ထိုင်တယ်။ ခုလမ်းသွားတဲ့ကလေးတွေကိုမသင်္ကာရင် ဆွဲဖမ်းတယ်ဆိုတော့ ကျမအနေနဲ့ သားသမီးတွေ အလုပ်သွားတဲ့အချိန်ကျရင်စိတ်ပူမိတယ်" ဟုပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ကယ်ဆယ်ရေးတွင်  နေ့လယ် ၁၂ နာရီခန့်က ရပ်ကွက်ထဲမှလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေကြသည့် လူငယ် ၁၁ ဦးကို စစ်ကောင်စီ တပ်သားများကဝင်ရောက်ဖမ်းဆီးသွားပြီး စစ်တွေရှိ ခလ၇ ၂၀ တပ်ထဲသို့ခေါ်ဆောင်သွားကြောင်း သိ၇သည်။ (NN-11)

#စစ်တွေ#ဖမ်းဆီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.