၇ခိုင်ပြည်နယ် ဘူးသီးတောင်မြို့
ဖမ်းဆီးခံ၇သူများ ဘူးသီးတောင်မြို့ အမှတ် (၅)ရပ်ကွက်မှ စည်ပင်အောက်ခြေဝန်ထမ်း ဦးထွန်းထွန်းစိုး (၃၀) နှစ် အရွယ်ခန့်နှင့် ဒေါ်သိန်းမြနု၏ အိမ်ရှင်ဖြစ်သူနှင့် သားငယ်တစ်ဦးတို့ကို ဖြစ်ကြောင်း သိ၇သည်။
၎င်းတို့အား မဖမ်းဆီးမီ မြို့ဝင်ဂိတ်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းမှ အသက် ၆၀အရွယ် ဦးကျော်ဇောလှ ( ဆွံ့အသူ)၏ တင်ပါးတွင် သေနတ်ကျည်ဆံ ထိမှန်ခဲ့သည်။
၎င်းနောက် အမှတ် (၅)ရပ်ကွက်ထဲသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ဦးထွန်းထွန်းစိုးအား နေအိမ်ထဲမှ ဖမ်းဆီးခေါ်သွားခဲ့သလို ကျန် နှစ်ဦးအားလည်း ဖုန်းထဲတွင် အေအေ ဓာတ်ပုံတွေ့သည်ဟု ဆိုကာ ဖမ်းဆီးသွားခဲ့သည်ဟုဆိုသည်။
ယမန်နေ့ နေ့လယ် ၁၂နာရီခန့်က ဘူးသီးတောင်မြို့ လျှပ်စစ်မဟာဓါအားလိုင်းခွဲရုံး အနီးတွင် စစ်ကောင်စီ၏ ကားတစ်စီး မိုင်းဆွဲ
၎င်းမြို့ခံက" လူတွေကို မဖမ်းခင် စကစကားတစ်စီးမိုင်းဆွဲခံရတယ်။ အဲဒါနဲ့ ခု
ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်၊ ညနေ ၆ နာရီကျော်ခန့်ကဘူးသီးတောင်မြို့
နိုဝင်ဘာ ၁၄ ရက်ကလည်း ဘူးသီးတောင်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး
ရခိုင်တွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး နိုဝင်ဘာ ၁၃ ရက်နောက်ပိုင်း ဖမ်းဆီးခံရသူအရပ်သား ၁၀၀ ခန့်အထိရှိပြီဟု သိ၇သည်။ (NN-11)