တိုက်ပွဲဖြစ်ပွားခြင်းလည်း တစ်စုံတစ်ရာမရှိ၊ ပြည်သူများ အေးချမ်းစွာနေထိုင်နေသော စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာထဲကို အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ လူ ၁ ဦးကျည်စ ထိမှန် သေဆုံးကာ ကိုရင်တစ်ပါး အပါအဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိ၇သည်။
သေဆုံးခဲ့သူမှာ ချီလည်ဖင်းကျေး
ထိခိုက် ဒဏ်ရာရရှိသူများမှာ စစ်တွေမြို့မှ ချီလည်ပင်းကျေးရွာကို စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့်ကိုရင်သားတစ်ပါးနှင့် ကိုရင်၏မိခင်ဖြစ်ပြီး နောက်ထပ်ဒေသခံနှစ်ဦးလည်း ဒဏ်ရာရရှိသွား ကြောင်း ကျေးရွာသားတစ်ဦးကပြောသည်။
"မိုးလင်းအာရုဏ်အချိန်မှာ လက်နက်ကြီးကျည်ကျလာတာပါ။ ရွာသား တစ်ယောက်က ဦးခေါင်းမှာ ထိဆုံး ပွဲချင်းပြီးဆုံးသွားပါတယ်။ ရွာကို စစ်ရှောင်လာတဲ့ ကိုရင်သားမိနဲ့ နောက်နှစ်ယောက်ကတော့ ဒဏ်ရာ၇သွားကြပါတယ်" ဟု ပြောသည်။
ယနေ့ ဒီဇင်ဘာ ၄ ရက် နံနက် ၄ နာ
စစ်တွေ၊ မင်းပြား၊ မြောက်ဦး နှင့် ပုဏ္ဏားကျွန်းခြေစိုက်တပ်ရင်းများက လူနေကျေးရွာများကိုဦးတည်ကာ
မြန်မာစစ်ကောင်စီတပ်သည် စစ်ဆင်ရေး ဆောင်ရွက်သည့် အခါ စစ်ဘက်နှင့် မသက်ဆိုင်သည့် အရပ်ဘက် ပစ်မှတ်များအား မတိုက်ခိုက်၇ ဆိုသည့် ROE (Rules of engagement ) စည်းကမ်းချက်ကို လိုက်နာခြင်း (လုံး၀) မရှိဘဲ အရပ်သားများကို ဦးတည် ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု ဒေသအတွင်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။
ဒီဇင်ဘာ ၃ရက်နေ့လယ်ပိုင်းကလည်းခလ၇ (၂၇၀) တပ်ရင်းက စစ်သားများသည် ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲရိုးပြင်နှင့် ခမောင်းတောကျေးရွာများထဲသို့ သေနတ်များဖြင့် ပစ်ခတ်ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ခဲ့သည်ဟု သိ၇သည်။
စစ်ရေးအရ နိုင်ငံအနှံ့နေရာတိုင်းတွင် အထိနာနေသောစစ်ကောင်စီတပ်
သို့သော် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ပြည်သူလူထုနေထိုင်ရာ မြို့ရွာများကို စစ်တပ်က နေ့တိုင်းပစ်ခတ်မှုပြုလုပ်နေကို သက်သေ အထောက်အထားများစွာရှိပါလျှက် တိုက်ခိုက်မှု မရှိဟုဆိုကာ ငြင်းဆိုထားသည်။ (NN-7)
(ဓာတ်ပုံ-ပေးပို့)