ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ငတောက်တက်ကျေးရွာကို ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်သား အင်အား ၈၀ ကျော်သည် သေနတ်ပစ်ခတ် ဝင်ရောက်လာပြီး ရွာထဲတွင် နေရာယူထားကာ သူတို့ သင်္ကာမကင်းသည့် အိမ်အချို့ကို စစ်ဆေးပြီးနောက်လူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ငတောက်တက် ဒေသခံများကပြောသည်။
အဆိုပါစစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာ ၄ ရက်၊ နံနက် ၁၀ နာရီတွင် ငတောက်တက်ကျေးရွာသို့ ဝင်လာစဉ်က ရွာပြင်ရှိ ကျွဲစားကျက်ကွက်တွင် ကျွဲကျောင်းနေသည့် ငတောက်တက်ကျေးရွာသား မောင်မှည့်နီချေ(၁ရ) နှစ်ခန့်ကိုလည်း ဖမ်းဆီးပြီးရွာထဲတွင် မီးပြင်သည့် လူငယ်တစ်ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ် တစ်ဦးကပြော
"ရွာအထဲမှာ သူတို့ရှိသေးတယ်။ ကျွဲကျောင်းသားတစ်ယောက်ကိုလည်း ဖမ်းထားတယ်။ နောက်လူငယ် တစ်ယောက်ကိုလည်းဖမ်းသွားတယ်။ သေနတ်ဖောက်ပြီး ဝင်လာကြတာ။ ဒရုန်းလွတ်ထားတယ်လို့လည်း ပြောကြတယ်"ဟုပြောသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် သေနတ်ပစ်ခတ်ကာ ရွာထဲသို့ ဝင်ရောက် လာသဖြင့် ကျေးရွာရှိ ဒေသခံအများစုသည် ကြောက်လန့်ကာ ထွက်ပြေးနေကြပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများ ပိတ်မိကျန်နေခဲ့ကြောင်း ဒေသခံ
ယင်းသို့ကြောက်လန့်ကာ ထွက်ပြေးသည့် ရွာသားများကိုလည်း စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်မှုများရှိသည်
"ရွာကလူတွေက ထွက်ပြေးကြတယ် ကြောက်လို့။ ထွက်ပြေးတဲ့သူတွေကိုလည်း သေနတ်တွေနဲ့ လိုက်ပစ်တယ်။ ရွာထဲမှာ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေလောက်ပဲကျန်ခဲ့တယ်။ စစ်သားတွေက မသင်္ကာတဲ့ အိမ်တွေကို လိုက်စစ်နေကြတယ်" ဟုပြောသည်။
အဆိုပါငတောက်တက်ကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများသည် စစ်တွေမြို့နယ်၊ ပါဒလိတ် အခြေစိုက် ခမ၇ ၃၄၃ တပ်ရင်းမှ စစ်သားများဖြစ်ကြောင်း သိရသည်။
လက်ရှိ နံနက် ၁၁ နာရီကျော်ခန့်အထိ အဆိုပါစစ်ကြောင်းသည် ငတောက်တက်ကျေးရွာထဲတွင် လှည့်ပတ် သွားလာနေခဲ့ပြီးလက်ရှိတွင် ရွာမှ ထွက်ခွာသွားပြီဟုသိ၇သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်ကလည်း ငတောက်ကျေးရွာနှင့်မနီးမဝေးသည့် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာတွင် စစ်ကောင်စီကဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကျည်အစအများထိမှန်ကာ ဒေသခံ ရ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ယမန်နေ့ကလည်း စစ်တွေမြို့နယ်၊ ချီလည်ဖင်းကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်၍ လူတစ်ဦး ကျည်စထိမှန်သေဆုံးကာ ကိုရင်တစ်ပါးအပါအဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ (NN-8)