Preview

သံတွဲတွင် ဖမ်းဆီးထားသည့် ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသမီး ၂ ဦး ပြန်လည် လွတ်မြောက်လာ

ဒီဇင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :1263
ရခိုင် သတင်း

သာလီစွသွေးလှူရှင်အသင်း ယာဉ်မောင်းဦးမိုးဝေကို သံတွဲထောင်ချုပ်သို့ရွှေ့ပြောင်း

စစ်ကောင်စီကဖမ်းဆီးခဲ့သည့် သံတွဲမြို့နယ်ရှိ နတ်တောင်မော်ရွာမှ ရာအိမ်မှူးတစ်ဦးနှင့်အမျိုးသမီး ၂ ဦးသည် ပြန်လည်လွတ်မြောက်လာသည်ဟုဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရပြီးနောက် လွတ်မြောက်လာသူများမှာ သံတွဲမြို့နယ်၊နတ်တောင်မော်ရွာမှ ရာအိမ်မှူးဖြစ်သူဦးဇော်နိုင်(၃၉) နှစ်၊ ဒေါ်ရီရီခင်(၃၆)နှစ်နှင့် သမီးဖြစ်သူ အသက် ၂၀ နှစ်အရွယ် မရွှေရီဝင်းတို့ဖြစ်ကြသည်။ 

သူတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်၊နေ့လယ်ပိုင်းတွင် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု သိ၇သည်။

ဒေသခံတစ်ဦးက " ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းကလွတ်တာပါ။ ရာအိမ်မှူးရော သုံးယောက်လုံးပေါ့။ဘာတွေစစ်ဆေးလဲတော့ တိတိကျကျမသိရဘူး။ နှိပ်စက်တာလည်း မရှိပါဘူး ” ဟု ပြောသည်။

၎င်းတို့ကိုပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့  ၂၀ခန့်က တေဘာကား ၂ စီးဖြင့် နေအိမ်မှတဆင့်ငပလီမြို့ အမှတ် (၅၅) ခြေမြန်တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး၄ ရက်အကြာတွင် ပြန်လည်လွှတ်ပေးခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်သားများသည်ယင်းနေ့ညက ရာအိမ်မှူးဖြစ်သူ ဦးဇော်နိုင်ကို လမ်းပြခိုင်းပြီး ဦးမျိုးဝင်းဆိုသူအား နေအိမ်သို့ လာရှာကြောင်း၊ဦးမျိုးဝင်းကို နေအိမ်တွင် ရှာမတွေ့သဖြင့် ဇနီးဖြစ်သူဒေါ်ရီရီခင်တို့သားမိနှစ်ဦးကို ဖမ်းဆီးခေါ်သွားသည့်အပြင် လမ်းပြပေးသည့် ရာအိမ်မှူးကိုပါဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူယင်းနေ့ နေ့လယ်ပိုင်းတွင်း သံတွဲမြို့၊ဒွါရာ၀တီ အမှတ် (၈)ရပ်ကွက်၊ မင်းဗာကြီးလမ်းရှိ သာလီစွသွေးအလှူရှင်အသင်းမှယာဉ်မောင်းတစ်ဦးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဦးမိုးဝေကိုလည်းစစ်ကောင်စီတပ်က ၎င်းရုံးသို့လာရောက် ဖမ်းဆီးသွားပြီး လက်ရှိတွင် သံတွဲထောင်ချုပ်သို့ရွှေ့ပြောင်းလိုက်ကြောင်း သိရသည်။

ဦးမိုးဝေသည်လက်ရှိအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးဟု သိ၇သည်။

သံတွဲမြို့တွင်ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်၊နေ့လယ်ပိုင်းကလည်း ရခိုင်တေးရေးဆရာ လူငြိမ်းခိုင်ကို စစ်ကောင်စီတပ်က သံတွဲမြို့၊အံတော်ရပ်ကွက် (၃) လမ်းရှိ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။ 

အလားတူနိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့ကလည်းမြို့ပေါ်မှ လက်ဘက်ရည် ဆိုင်ပိုင်ရှင်နှင့် အဖျော်ဆရာဝန်ထမ်းတစ်ဦး၊မြို့မအလယ်တန်းကျောင်းမှ ကျောင်းစောင့် တစ်ဦး၊ GTI ကျောင်းဆရာတစ်ဦးနှင့်နောက်ထပ် အမျိုးသားနှစ်ဦး၊ စုစုပေါင်း ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။ (NN-13)

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.