Preview

မြောက်ဦးတွင် စစ်ကောင်စီက သစ်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွား

ဒီဇင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :1033
ရခိုင် သတင်း
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှသစ်ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသတင်းရရှိသည်။


ဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်မှ ဦးအောင်ကျော်မြ(၆၀)နှစ်ဖြစ်သည်။

သူ့ကို ယနေ့ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၄ နာရီခန့်ကမြို့ထဲတွင်လှည့်ပတ်နေသည့် မြောက်ဦးမြို့ ၃ရရ တပ်မှ စစ်သားများက သစ်ဆိုင်အတွင်းသို့ဝင်ရောက်ပြီးဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မြို့ထဲမှာ စစ်သားတွေပတ်နေကြတာ။ အုပ်စုလိုက်ကြီး။ သစ်ဆိုင်ကဦးလေးကို ဆိုင်ထဲကိုဝင်ဖမ်းသွားတာတွေ့လိုက်တယ်။ဘာကြောင့်လဲမသိဘူး။ဖမ်းချင်တဲ့လူတွေကိုဖမ်းနေတာပဲ" ဟုပြောသည်။

သူ့ကို မြောက်ဦးမြို့ ၃ရရ တပ်တွင် ဖမ်းဆီးထားသည်ဟု သိ၇သည်။

အလားတူ ယနေ့နေ့လယ်ကလည်း ဗန္ဓုလရပ်ကွက်၊ စံကားတောင်ပေါ်မှ စစ်ကောင်စီအင်အား၅၀ ကျော်တောင်ပေါ်မှဆင်းလာပြီး ဇိနမာရ်အောင်သိမ်တော်အနီးသို့အရောက်တွင် အသက် ၂၀ကျော်အရွယ်လူငယ်နှစ်ဦးကိုဖမ်းဆီးသွားခဲ့ပြီးနောက် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီသည်အပြစ်မဲ့သည့် လမ်းသွားလမ်းလာများနှင့်လူမှုရေးလှုပ်ရှားသူများ၊ စီးပွားရေးသမားများကိုလိုက်လံဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်လာနေသည်ဟု မြောက်ဦးမြို့ခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

မြောက်ဦးမြို့တွင်တပ်စွဲထားသည့်
 စစ်ကောင်စီတပ်က ယနေ့မွန်းလွဲမှစတင်ကာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့ပေါ်တွင် သေနတ်များအဆက်မပြတ်ပစ်ခတ်နေခဲ့သည်ဟုမြို့ခံများက ပြောသည်။

မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိဘုန်းကြီးကျောင်းရှေ့တောင်ထက်ပေါ်တွင်မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်သား ၅၀ ခန့်ကသေနတ်အချက်၂၀ ကျော်ပစ်ဖောက်ခဲ့သည်ဟု မြောက်ဦးမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

ယင်းအပြင် မြောက်ဦးမြို့ပေါ် ဗန္ဓုလတံတားထိပ်မှ
 စံကားတောင်ပေါ်တွင် တပ်စွဲနေရာယူထားသည့်အဖွဲ့မှ သေနတ်အချက် ၃၀ခန့်ဖောက်ခဲ့သည်ဟုလည်း ဗန္ဓုလရပ်ကွက်မှဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများသည့် ဇိနမာရ်အောင်ဘုရားသိမ်တော်တွင်တစ်ဖွဲ့၊ဘုရားရှေ့ပန်းထိမ်တောင်တွင်တစ်ဖွဲ့ခန့်ရှိနေပြီး အင်အား ၁၀၀ ခန့်ရှိကြောင်းဒေသခံများကပြောသည်။

ရက္ခိုင့်တပ်တော်သည် မြောက်ဦးခရိုင် ရှေးဟောင်းသုတေသန ဦးစီးဌာနလက်အောက်ရှိ ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ် ၃ စင်း၊ ခရိုင်ဖွံ့ဖြိုးရေးအတွက်အသုံးပြုနေသည့် ယာဉ်များ၊ ကျေးလက်ဦးစီးဌာနပိုင်ယာဉ်နှင့် သာသနာရေးဦးစီးဌာနပိုင်ယာဉ်များကိုလက်နက်ငယ်များနှင့် ခြိမ်းခြောက် ရယူသွားပြီး ၎င်းတို့ အဖွဲ့အတွက် သုံးစွဲနေကြာင်းစစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဒီဇင်ဘာ၃ ရက်နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထူးခြား ဖြစ်စဉ်များနှင့် ပတ်သက်ပြီးပြောကြားရာ၌
 ထိုသို့ထည့်သွင်း ပြောကြားသွားခဲ့သည်။

 

ဓာတ်ပုံ - ပုံဟောင်း

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.