သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မြောက်ဦးခရိုင်ထွေအုပ်မှ လက်ထောက်ညွှန်ကြားရေးမှူးပါ ၅ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 10)
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းကျော်အပါအဝင် ၅ ဦးကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားကြောင်း ၄င်းတို့နှင့် နီးစပ်သူများမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဆန်းကျော်၊ ဦးစီးအရာရှိ ဦးမောင်မောင်လေး၊ ဒုဦးစီး ဦးကိုကိုအောင်၊ ဒုဦးစီး ဦးအာကာဦးတို့သားမိတို့ ဖြစ်သည်ဟု ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဖမ်းသွားတာ မနေ့က ညနေ ၅ နာရီကျော် ကတည်းကပါ။ AA ဖမ်းသွားတာပါ"ဟု ပြောသည်။

မြောက်ဦးမြို့ရှိ ထွေအုပ်ဝန်ထမ်းအိမ်ရာမှတဆင့် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကိုဆက်သွယ်မေးမြန်းရာ ယခုသတင်းကို သူမသိရသေးဟု ပြောသည်။

 

ညနေပိုင်းတွင် ဗန္ဓုလရပ်ကွက်ရှိ သစ်စက်ပိုင်ရှင် ဦးအောင်ကျော်မြ(၆၀)နှစ် ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။

 

ယင်းနောက် ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ မွန်းလွဲပိုင်းမှစတင်ကာ မြောက်‌ဦးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့ပေါ်တွင် သေနတ်များအဆက်မပြတ်ပစ်ခတ်နေခဲ့သည်ဟု မြို့ခံများက ပြောသည်။
 (NN -10)

 


ဆက်စပ် သတင်းများ