Preview

ပေါက်တောနေရာ (၄) ခုတွင် ထပ်မံမီးလောင်

ဒီဇင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :1879
ရခိုင် သတင်း

(ပေါက်တောမှ စစ်ဘေးရှောင် သောင်းခန့် အကူအညီများလိုအပ်နေ) 

၇ခိုင်ပြည်နယ်၊ ပေါက်တောမြို့၏ နေရာ () ခုတွင် ယနေ့ ဒီဇင်ဘာ () ရက်တွင် ထပ်မံမီးလောင်ခဲ့သည်ဟု သိ၇သည်။

ယနေ့ ဒီဇင်ဘာ () ရက် ညနေ  နာရီကျော် အချိန်တွင် စစ်တပ်ဇက်နေဗီများနှင့် စစ်တွေအခြေစိုက် ရဲတပ်ရင်း ၁၂ တို့မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပေါက်တောမြို့တွင် ထပ်မံမီးလောင်ခဲ့ကြောင်း သိ၇သည်။ 

 

"စစ်တပ်နေဗီကလက်နက်ကြီးလှမ်းပစ်လို့ ပေါက်တောမှာ မီး (နေရာလောင်နေတာတွေ့၇ပါတယ်။ နောက် နာရီ ၁၀ မိနစ်လောက်ကစပြီး စစ်တွေဘက်ကနေလည်း လက်နက်ကြီးတွေ သုံးလေးမိနစ်တစ်ခါ ပစ်တာမျိုးတွေဆက်တိုက်ရှိခဲ့ပါတယ်"ဟု  ပေါက်တောမြို့မှ ထွက်ပြေးလာသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

 

ပေါက်တောမြို့ ရဲစခန်းကို  နိုဝင်ဘာ ၁၅ ရက် ညအချိန်က အေအေက ဝင်ရောက်သိမ်းပိုက်ပြီး နောက်တစ်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ပေါက်တောကို ပြန်လည် ထိန်းချုပ်ရန် စ်သားနှင့် ရဲ ၁၇၀ ခန့်အား ရွှေပြည်တန် အမြန်ရေယာဉ်နှင့် ဇက်စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့သည်။

 

ယင်းနောက် ပေါက်တောမြို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဥ်များဖြင့် ဗုံးကြဲခြင်း၊ ဇက်နေဗီနှင့် စစ်တပ် တပ်ရင်းများမှ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကြောင့် နိုဝင်ဘာ ၂၃ ရက်မှစတင် ပေါက်တောမြို့ထဲတွင် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွါးခဲ့သည်။ 

 



လက်ရှိမှာ ပေါက်တောမြို့မဈေးအပါအဝင် မြို့၏ ၇၀% မှာ မီးလောင်ပျက်စီးကုန်ပြီဟု ပေါက်တောမြို့မှ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။ 

 

"အခုအနေအထားဆိုရင် မြို့ရဲ့ ၇၀% လောက်ကတော့ အကုန်ပြာကျကုန်လောက်ပြီလို့တော့ ယူဆ၇တာပေါ့။ နေ့တိုင်းလိုလို မီးလောင်နေတာဆိုတော့။ အဲ့လို အငြိုးကြီးကြီးနဲ့ တစ်ဖက်နဲ့တစ်ဖက်ဖြစ်နေကြတဲ့အနေအထားမှာ စစ်မက်ဖြစ်တယ်ဆိုကတည်းကကို အထိနာတာကတော့ ပြည်သူပဲပေါ့။ အဲ့ဒီလိုအနေအထားတစ်ခုမှာ ကမ္ဘာ့နိုင်ငံအသီးသီးရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အာရုံစူးစိုက်မှုက တော်တော်နည်းတယ်လို့မြင်၇တယ်" ဟု ပြောသည်။ 

 

နိုဝင်ဘာလ ၁၅ ရက်နေ့ ညတွင် ရက္ခိုင့်တပ်တော်က ပေါက်တောမြို့မ ရဲစခန်းအား သိမ်းပြီး နောက်တစ်နေ့တွင် ၇ဟတ်ယာဉ်များ၊ ရေတပ်နေဗီများဖြင့် ပေါက်တောမြို့ပေါ်ကို အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။  

 

ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်ရန် ရောက်ရှိလာသည့် စစ်သားနှင့် ရဲ ၁၇၀ ခန့်အထဲမှ ရာနှင့်ချီပြီး  ရက္ခိုင့်တပ်တော် (AA) တိုက်ခိုက် ချေမှုန်းခြင်းကိုခံ၇ပြီးနောက် အကြမ်းဖက် စစ်ကောင်စီသည် ပေါက်တောမြို့အား မြေပြင် ဝေဟင်နှင့် ရေကြောင်းတို့မှ က်နက်ကြီးများဖြင့် ပစ်ခတ်သလို ဗုံးကြဲတိုက်ခိုက်မှုများကိုလည် အကြိမ်ကြိမ် ပြုလုပ်နေသည်ဟု တင်းရရှိသည်။

 

ယင်းကြောင့် ပေါက်တောမြို့ပေါ်နှင့် မြို့အနီးကျေးရွာများမှ ဒေသခံ သောင်း ခန့် ထွက်ပြေးတိမ်းရှောင်နေ၇ကြောင်း သိ၇သည်။ 

 

လက်ရှိတွင် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲကို ဆိုးဝါးစွာရင်ဆိုင်နေကြ၇ကြောင်း ၄င်းက ဆက်ပြောသည်။ 

 

"နယ်အပါအဝင်ဆို အားလုံးပြေးနေရတာဆိုရင်တော့ လူဦးရေ သောင်းလောက်ရှိပါတယ်။ ဒါက ခန့်မှန်းချေပေါ့။ ဒီလူဦးရေ သောင်းလောက်ကတော့ ဒီအတိုင်း ခြေသလုံးအိမ်တိုင်ဘ၀နဲ့ ပြေးနေကြ၇တာပဲဗျ။ တစ်နေရာတည်း နေရာတာမဟုတ်ဘူးလေဗျာ။ ဟိုရွာသွားလိုက်၊ ဒီရွာသွားလိုက် အဆင်ပြေမယ့်နေရာလေးရှာကြံပြီး ရွှေ့ပြီးတော့မှနေ၇တယ်။ လူများတဲ့ရွာတွေမှာဆိုရင် ရွာကိုလည်း ဝန်ထုတ်ဝန်ပိုးဖြစ်မှာ စိုးရိမ်တော့ တခြားရွာရွှေ့ကြတယ်။ အဲ့လိုပေါ့ဗျာ"ဟု ပြောသည်။ 

 

ပေါက်တောဒေသခံများ၏ စားဝတ်နေရေးအခြေအနေမှာ မကြာမီ အငတ်ဘေးဆိုက်နိုင်သည့်အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် လက် ပိုင်ကြည့်မနေဘဲ ကူညီဆောင်ရွက်ပေးရန် ပေါက်တောဒေသခံများက တောင်းဆိုသည်။ (NN-7)

 

(ဓာတ်ပုံ- ဒီဇင်ဘာ ရက်နေ့က ပေါက်တောမြို့မီးလောင်နေသည့်မြင်ကွင်း) 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.