Preview

စစ်တပ် အင်အားပြုန်းတီးမှုများလာသည့်အပြင် တပ်ထဲဝင်ရောက်မည့်သူ မရှိရာမှ တပ်ပြေးများကို ပြန်လည်လက်ခံရန် စစ်ကောင်စီ စီစဥ်လာ

ဒီဇင်ဘာ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :1350
ရခိုင် သတင်း

တပ်အင်အားပြုန်းတီးမှုများလာသည့် အပြင်တပ်ထဲဝင်ရောက်သူ မရှိတော့ရာမှ  တပ်ပြေးများကို ပြန်လည်လက်ခံရန် စစ်ကောင်စီကစီစဥ်လာသည်ဟုသိ၇သည်။

သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် ခွင့်မဲ့/စစ်ပြေး စစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် စစ်မှုထမ်းဆောင်ရန်ဆန္ဒပြုသည့်သာမန်ပြစ်မှု ကျူးလွန်သူ တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၄ ရက်ထုတ်နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ကြေညာထားသည်။

တပ်မတော်တွင် ပြန်လည် တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့/ စစ်ပြေးစစ်သည်များက ဆက်သွယ်တင်ပြလာမှုများအရ ယခုကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ပြေးများကို ပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူလေ့ရှိသည် မြန်မာစစ်တပ်သည်။



တိုင်းရင်းသားဒေသများအပြင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်ရေး ဖော်ဆောင်နေရသည့် အတွက် အထိအခိုက်အကျအဆုံးများပြားသည့်အပြင် တပ်ရင်းလိုက် လက်နက်ချအလင်းဝင်မှုများ ရှိနေသောကြောင့် ယခုကဲ့သို့ စစ်ပြေးများအား ပြန်လည်လက်ခံရန်စီစဉ်နေခြင်း ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

"နိုဝင်ဘာ ၂ရ ရက်က ဒဏ်ရာ၇လာတဲ့ တပ်သား ၃၀၀ လောက် မင်္ဂလာဒုံ ကုတင် ၅၀၀ ဆေးရုံကို ဝင်လာတယ်။ အခုလိုပဲ တစ်ကြိမ်တစ်ကြိမ်ကို ရာချီပြီး ကု၇တယ်။ သူတို့မှာ လက်နက်ပဲကျန်တော့တာ"ဟု ပြောသည်။

စစ်ပြေးမှုနှင့် အားပေးကူညီမှုများကို အရေးယူရန် ပုဒ်မ ၃ရ၊ ခွင့်မဲ့ပျက်ကွက်မှုကို အရေးယူရန် ပုဒ်မ၃၈ စသည်ဖြင့် ၁၉၅၉ စစ်တပ်အက်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့၇သည်။

စစ်ပြေးမှုကို ထောင်ဒဏ် ရ နှစ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ စီရင်နိုင်ပြီး၊ စစ်ပြေးမှုကျူးလွန်ရန်အားထုတ်ပါက ထောင်ဒဏ် ရ နှစ်အထိ ချမှတ်နိုင်ကြောင်း သိ၇သည်။


စစ်ပြေးကို လက်ခံပါက ထောင် ရ နှစ်နှင့် ၎င်းကိစ္စကို မျက်ကွယ်ပြုပြီး တိုင်ကြားခြင်း မရှိပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၃၈ အ၇ ခွင့်မဲ့ပျက်ကွက်ပါက ထောင်သုံးနှစ် အထိချမှတ်နိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသည်

၎င်းပြင် စစ်ကောင်စီတပ်ထဲသို့ အောက်တိုဘာလ အတွင်း ဝင်ရောက်သူတစ်ဦးတစ်ယောက်မျှ မရှိသဖြင့် ကွပ်ကဲမှုအောက်/ရင်းအဖွဲ့များအနေဖြင့်တစ်လ ၁ ဦးဖြင့် တစ်နှစ် ၁၂ ဦးစုဆောင်းကြရန် စုဆောင်းခြင်း မရှိသော ရင်း/ဖွဲ့မှူး၊ခေတ္တရင်း/ဖွဲ့မှူး၊ ဌာနမှူးတို့အား လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းညွှန်းကနများဖြင့် ညွှန်ကြားထားကြောင်းလည်း သိ၇သည်။ 

ရှမ်းပြည်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း(၁၂၅)  တစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး ကိုးကန့်  MNDAA ထံ နိုဝင်ဘာ ၂၈ ရက်နေ့က လက်နက်ချအလင်းဝင်ခဲ့ပြီး လွိုင်ကော်တက္ကသိုလ်၌ တပ်စွဲထားသည့် တပ်ရင်းနှစ်ခုမှ လက်ကျန် စစ်သားများသည်လည်း ကရင်နီတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်မှုများ ရှိခဲ့သည်။

နွေဦးတော်လှန်ရေး(၃)နှစ်ခန့်ကာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်မျာနှင့် ပြည်သူ့စစ်စုစုပေါင်း (၁၄,၀၀၀) ကျော်ရှိနေပြီးဟု NUG အပါအဝင် KPEZ၊ CNF၊  PNFC၊  KNDF နှင့် ကလလတစသည့် အဖွဲ့ပေါင်း (၆) ခုက ထုတ်ပြန်ထားသည်။(NN-7)

#စစ်တပ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.