ဒီဇင်ဘာလ ၄ ရက်၊ ရုံးချိန်းတွင် တရားသူကြီးက ဆန်ပြဿနာနေ့ အခမ်းအနား၌ မိန့်ခွန်း ပြောကြားသည့်အတွက် အပြစ်ရှိသလားဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှား
သမီးဖြစ်သူ မစောမြသန္တာက "အမေက အပြစ်မရှိဘူးလို့ပြောတယ်။ တရားသူကြီးက ဘာလို့အပြစ်မရှိလဲမေးတော့ ဆန်ပြဿနာနေ့ အခမ်းအနားကို ကလေးတွေဖိတ်လို့တက်ခဲ့တာ။ မိန့်ခွန်းပြောတဲ့အထဲမှာလည်း နိုင်ငံတော် အကြည်ညိုပျက်စေတဲ့
ယင်းနောက်တွင် ဒေါ်ညိုအေး၌ သက်သေနှစ်ဦးရှိသည်ဟု ထွက်ဆိုခဲ့သဖြင့် ယင်းခံပြသက်သေနှစ်ဦးကို လာမည့် ဒီဇင်ဘာလ ၁၈ ရက်တွင် စစ်ဆေးရန်အတွက် ရုံးချိန်း ချိန်းဆိုလိုက်ကြောင်း သိရသည်။
ယနေ့ရုံးချိန်းတွင် ဒေါ်ညိုအေးသည် အကျဉ်းထောင်အတွင်း ခြေခေါက်လဲကျထားသဖြင့် ဘေးလူအကူအညီကိုယူကာ လမ်းလျှောက်၇ကြောင်း သမီးဖြစ်သူကပြောသည်။
ဒေါ်ညိုအေး၏ ဆီးချိုနှင့် သွေးတိုးရောဂါအခြေအနေမှာလည်း ဆိုးဝါးနေပြီး ထောင်တွင်း၌သာ ဆေးကုသမှုခံယူနေရကြောင်း သိ၇သည်။
ဒေါ်ညိုအေးအား ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်း အောက်မေ့ဖွယ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့၍ စစ်တွေရှိ ရခိုင်အမျိုးသမီးကွန်ရက်ရုံး၌ ရဲတပ်ဖွဲ့ ၏ဖမ်းဆီးခြင်းကို ခံခဲ့၇ခြင်းဖြစ်သည်။
၎င်းသြဂုတ်လ ၁၃ ရက်နေ့ (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်း အောက်မေ့ဖွယ်နေ့ အခမ်းအနားကို စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်သည်။
ဖမ်းဆီးပြီးနောက် စစ်တွေမြို့မရဲစခန်းမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်
၎င်းကိုဖမ်းဆီးစဉ်က ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်ရုံးချိန်းတွင် ပုဒ်မ ၅၀၅(က)သို့ ပြောင်းလဲစွဲဆိုခဲ့သည်။
ယခုပြောင်းလဲစွဲဆိုလိုက်သည့် ပုဒ်မ ၅၀၅(က)သည် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကော
Photo - Credit