Preview

မောင်တော နခခ (၅) တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၄ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :1045
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊မောင်တောမြို့ရှိ နခခ (၅)တပ်ရင်းက လက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် ရွှေရင်အေးကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင်၄ ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာအသက် ၂၂ နှစ်အရွယ်ကိုယ်ဝန် ၉ လရှိပြီဖြစ်သော ဒေါ်လှစိန်ဝင်း၊ အသက်၂၅ နှစ်အရွယ်သူမ၏ခင်ပွန်းဦးမောင်လှအေး၊ အသက် ၆၂နှစ်အရွယ်ဒေါ်ခင်ရီတို့ မြေးအဖွားနှစ်ဦးတို့ဖြစ်ကြသည်။

မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် နခခ(၅)တပ်ရင်းက ယမန်နေ့ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၆ နာရီခန့်တွင် တိုက်ပွဲမဖြစ်ဘဲ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည် ၂ လုံးသည် ရွှေရင်အေးကျေးရွာ ထဲ၌ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရွှေရင်အေးကျေးရွာဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။


"စုစုပေါင်း ဒဏ်ရာလေးယောက်ရတယ်။ကျည်စထိမှန်တာ။ ဒဏ်ရာတော့ သိပ်မပြင်းထန်ဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်လည်းပါတယ်။ ဘေးချင်ကပ်အိမ်နှစ်အိမ်ကဖြစ်သွားတာ" ဟုပြောသည်။

ဒေါ်လှစိန်ဝင်း၏ဦးခေါင်း၊ ဦးမောင်လှအေး၏ ဘယ်ဖက်ဒူး၊ ဒေါ်ခင်ရီ၏ကျောကုန်းနှင့် သူမ၏မြေးတွင် ရှပ်ထိဒဏ်ရာများ ရရှိသွားသည်ဟု သိ၇သည်။

ရွှေရင်အေးကျေးရွာသည်ရက္ခိုင့်တပ်တော်(AA)ကသိမ်းပိုက်ခဲ့သည့်ဗောဓိကုန်းနယ်ခြားစောင့် အနားတွင်ရှိပြီး စခန်းသိမ်းလိုက်သည့်အတွက်စစ်ကောင်စီသည် ရွာများကို တမင်ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုမောင်တောမြို့ခံတစ်ဦးကနိရဉ္စရာကိုပြောသည်။

"တပ်တော်ဘက်က ဗောဓိကုန်းစခန်းကိုသိမ်းထားတယ်။ခုလက်နက်ကျတဲ့ ရွာကရွှေရင်အေး၊ ကန်သာယာ၊ ဗောဓိကုန်း  ပေါင်းထားတာတဲ့ရွာ။ သိမ်းထားတဲ့ စခန်းနဲ့နီးတော့ ကျေးရွာတွေကိုတမင်ပစ်တာ"ဟုပြောသည်။

လက်ရှိတွင်ဒဏ်ရာရရှိသူ ၄ ဦးအနက် ၃ ဦးကို မောင်တောဆေးရုံသို့ ယူဆောင်သွားကြောင်းသိ၇သည်။ (NN-11) 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.