ရခိုင်အခြေစိုက်သတင်းဌာနများ၏ သတင်းများကို သတင်းများအပေါ်မှတ်ချက် ရေးသားခြင်း၊မျှဝေခြင်း၊ Copy ယူ၍ထပ်ဆင့်မျှဝေခြင်း ပြုလုပ်နေသူများအားအရေးယူမည်ဟု ၇ခိုင် ပြည်နယ်စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ထိုသို့ အရေးယူမည်ဖြစ်ကြောင်းကို စစ်ကောင်စီဝါဒဖြန့်သတင်းများကို
၇ခိုင်သတင်းများကိုဖော်ပြနေကြ
ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး/စစ်ရေးပဋိပက္ခများဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင်အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် မဟုတ်မမှန်သတင်းများအားဖြန့်ချိရေးသားနေသည့် သတင်းမှားဖြန့်သည်ဟုဆိုကာ၇ခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ခံလိုက်၇သည်ဟုလည်း ဆိုသည်။
၅၀၅-ကဖြင့် အမှုဖွင့်ခံလိုက်ရသူနှစ်ဦးမှာစစ်တွေမြို့၊ရဲနွယ်စုရပ်ကွက်မှ မစောခင်အေး(ခ) အဘုနှင့် လမ်းမတော်မြောက်ရပ်ကွက်မှကိုကျော်နိုင်လင်းတို့ ဖြစ်ကြော
စစ်ကောင်စီတပ်၏ ဒေသခံအပြစ်မဲ့ ရခိုင်ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊မြို့ပေါ်ရပ်ကွက် လူနေကျေးရွာများပါ မကျန် ကြည်းရေလေ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့်တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း စသည့် လူမဆန်သောလုပ်ရပ်များ ကျူးလွန်နေခြင်း အပေါ် ရခိုင်အခြေစိုက် သတင်းဌာနများက ရေးသားဖော်ပြနေကြသည်။
၎င်းတို့၏ ကျူးလွန်နေသည့် ပြစ်မှုများကို ဖုံးကွယ်လို၍ စစ်ကောင်စီသည် ရခိုင်အခြေစိုက်သတင်းဌာနများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု မှတ်ချက်ပြု၇မည်ဟု သတင်းသမားတစ်ဦးက ပြောဆိုသည်။ (ဓာတ်ပုံ- ဧရာ၀တီ)