Preview

စစ်ကောင်စီရေတပ်နေဗီများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ပေါက်တော မနော်သီရိရွာ မီးလောင်နေ

ဒီဇင်ဘာ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :5750
ရခိုင် သတင်း


စစ်ကောင်စီ ရေတပ် နေဗီများ က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မနော်သီရိရွာတွင် မီးလောင်နေကြောင်း သိ၇သည်။

မျက်မြင် ဒေသခံ တစ်ဦးက "ပစ်နေတာက လက်ပံပြားနားမှာကမ်းကပ်ထားတဲ့ နှစ်စီးပူးကလည်းပစ်တယ်။ နောက်ပြီး မနော်သီရိနားသွားနေတဲ့တစ်စီးကလည်း ပစ်တယ်။ ၃ စီးလုံးက ပစ်ပါတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယနေ့ ဒီဇင်ဘာ ၅ ရက်၊ နေ့လယ် ၂ နာရီမှစကာ စစ်တပ်ဇက်နေဗီများက လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်နေသည့်အတွက်  မနော်သီရိကျေးရွာရှိ နေရာသုံးခုတွင် မီးလောင်ကျွမ်းနေကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"စစ်တပ်ဇက်ကပစ်လို့ မနော်သီရိ၊ ပိုက်ဆိပ်စု မီးလောင်နေတာပါ။ အဲဒီ ဇက်ကလည်း ကမ်းထိုးလိုက်၊ လက်ပံပြားရွာဘက်ကို တက်လိုက်နဲ့ လုပ်နေပါတယ်။ မီးလောင်နေတာက တစ်နေရာတည်းတောင် မဟုတ်ဘူး။ သုံးနေရာပါ" ဟု ပြောသည်။

ယခုဖြစ်စဉ်အတွင်း လူထိခိုက်သေဆုံးမှု ရှိမရှိကို နိရဥ္စရာအနေနှင့် မသိရှိ၇သေးပါ။

စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကိုလည်း ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ဇက်နေဗီများ၊ စစ်တပ်တပ်ရင်းများက အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် နေ့စဥ်မီးလောင်ကျွမ်းမှုများရှိနေပြီး မြို့၏ ၇၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းပျက်စီးကုန်ပြီဟု သိ၇သည်။ (NN-7)

ဓာတ်ပုံ - ပေးပို့

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.