ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ်နှင့် နီးကပ်စွာတည်ရှိသည့် မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်မှ မဟာဗျူဟာအရ အရေးကြီးသည့် အကြီးမားဆုံး စစ်စခန်းတစ်ခုဖြစ်သည့် တရွန်အိုင်ဗျူဟာကိုရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ (၄) ရက်နေ့တွင် အပြီးတိုင် သိမ်းပိုက်လိုက်ပြီဟုရက္ခိုင့်တပ်တော်က ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ၊ နံနက် (၆) နာရီခန့်မှ စတင်၍ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော "တရွန်အိုင်ဗျူဟာ" စခန်းကုန်းကြီးတစ်ခုလုံးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်၊ နေ့လယ် (၁) နာရီ (၀၄) မိနစ် အချိန်တွင်အပြီးသတ်ချေမှုန်းတိုက်ခိုက်သိမ်းပိုက်၇ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုးစစ်ရက်ပေါင်း (၂၁) ရက်ခန့်ကြာမြင့်ခဲ့ပြီး မိမိတို့အနေဖြင့်ထိုက်သင့်သော ပေးဆပ်မှုများဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုးစစ်ကာလအတွင်းရန်သူ၏ လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ChemicalWarfare Agents ဓာတုဓာတ်ငွေ့ ပါသောဗုံးများဖြင့် နေ့၊ ည ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ ၇ယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရန်သူ့အလောင်းများနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတို့ကိုသိမ်းဆည်းရမိခဲ့သည်ဟု သိ၇သည်။
ရက္ခိုင့်တပ်တော်အနေဖြင့် နောက်ထပ်ကျန်ရှိနေသော"နှုံးဘူးဗျူဟာကုန်း" ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး အတွက်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပေါက်တောမြို့အတွင်း တိုက်ပွဲမှာ ဆက်လက်ရှိနေပြီး လက်ကျန်ရန်သူတို့အားမိမိတို့မှ ဆက်လက် ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း၊ ၇ဟတ်ယာဉ်ကွင်း(၂) ကွင်းပါရှိသော "တရွန်အိုင်ဗျူဟာ" ကုန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ခန္ဓာပေးဆပ်ခဲ့ရသော အာရက္ခစစ်သည်တော်များ၊ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်စစ်သည်တော်များအားလုံးကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ဖော်ပြသည်။
ရက္ခိုင့်တပ်တော်မှသိမ်းထားသော ရန်သူ့စခန်းကုန်းများ၊ ရန်သူစွန့်လွှတ်ထားခဲ့သော နယ်စပ်စခန်းများအပြင်ဆက်လက်သိမ်းယူရန် လျာတားထားသော ဗျူဟာစခန်းများအား သိမ်းပြီးနောက် ရရှိလာမည့်စခန်းများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်အတွက် အာရက္ခတိုင်းပြည်အပေါ် အမှန်တကယ်ချစ်မြတ်နိုးပြီး ကာကွယ် စောင့်ရှောက်ကြမည့် " Defendersof Our Fatherland” အာရက္ခစစ်သည် တော်သစ်များ လိုအပ်လျက်ရှိနေပါသည်။
ထိုကြောင့် အမျိုးသားရေးအသိတရား၊ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ်အပြည့်အ၀ရှိကြသောလူငယ်များအား တိုင်းပြည်တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်လိုက်သည်။