Preview

တရွန်အိုင်ဗျူဟာကုန်းမှ ရရှိသည့်အမြောက်ကြီးနှင့်အောင်ပွဲခံရဲဘော်များပုံ AA ထုတ်ပြန်

ဒီဇင်ဘာ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :3145
ရခိုင် သတင်း

ပလက်၀မြို့နယ် တရွန်အိုင်ဗျူဟာကုန်းမှ ရရှိသည့် အမြောက်ကြီးနှင့် အောင်ပွဲခံရဲဘော်များပုံကို ရက္ခိုင့်တပ်တော်(AA)က  ယနေ့ထုတ်ပြန်လာသည်။

စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာကုန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။

တစ်ပြိုင်နက်တည်းတွင် တရွန်အိုင်ဗျူဟာကုန်းနှင့်တစ်ရက်တည်းတွင် ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော အခြားသောဗျူဟာကုန်း တစ်ခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းကိုလည်း ယနေ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် (၂၃) ရက်မြောက်ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့်အတူ ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

ရန်သူသည် နံနက် (၈)နာရီ (၄၅) မိနစ်အချိန်မှစတင်၍ဂျက်လေယာဉ် များ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ခုခံစစ်ကို ဆင်နွှဲနေသကဲ့သို့ရက္ခိုင့်တပ်တော်ဘက်မှလည်း အဆိုပါဗျူဟာကုန်းအား အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့်တိုက်ပွဲမှာပြင်းထန်လျက်ရှိသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.