ရခိုင်ပြည်နယ်၊ မင်းပြားအနီးရှိ မယ်တော်တောင်တွင်တပ်စွဲထားသည့် ခမ၇ ၅၄၁ တပ်မှ စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာများ၊ဆိုင်ကယ်များနှင့် စက်လှေများကို လက်နက်ငယ်များဖြ
ယနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် ၉ နာရီခွဲခန့်မှစတင်ကာမယ်တော်တောင် အနီးအနားမှ သွားလာသည့် ဆိုင်ကယ်များနှင့် ငါးတန်ပျင်းချောင်းအပါအဝင်မင်းပြားမြစ်အတွင်း သွားလာနေသည့် စက်လှေများအား စက်သေနတ်ဖြင့် လှမ်းပစ်နေကြောင်းမြို့ခံများက နိရဉ္စရာကိုပြောသည်။
“သူတို့က ဆိုင်ကယ်လို့မဟုတ်ဘူး။ စက်လှေတွေကိုလည်းပစ်ပါတယ်။ အရင်နေ့တွေကလည်း မြို့ထဲတွေကို ပစ်ပါတယ်။ အရင်နေ့တွေက ထိခိုက်ဒဏ်ရာရရှိသူတွေတော့ရှိပါတယ်။ ဒီနေ့တော့ မကြားမိသေးဘူး။ ရပ်လိုက်၊ ပစ်လိုက် လုပ်နေတာ” ဟုပြောသည်။
ခမ၇ ၅၄၁ စစ်ကောင်စီတပ်သည် မင်းပြားမြို့၏တောင်ဘက်အစွန်ဆုံး ၁ မိုင်ခန့်အကွာရှိ မယ်တော်တောင်ခြေရင်းနှင့် တောင်ပေါ်တွင်တပ်ခွဲချထားခြင်းဖြစ်ပြီး တောင်ပေါ်၌ ဗုံးခိုကျင်းများတူးကာ ပြည်သူများကို ပစ်ခတ်နေခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်တစ်ခုက ပြောသည်။
“မယ်တော်တောင်ခြေရင်းမှာ တပ်ထိုင်ထားတာ။သူတို့က တောင်ပေါ်တက်ပြီး ဗုံးခိုကျင်းတွေတူးပြီး အထိုင်ပစ်နေကြပါတယ်။ငါးတန်ပျင်းချောင်းမှာ သွားလာနေတဲ့ စက်လှေတွေကိုလည်း စက်သေနတ်နဲ့ ပစ်ပါတယ်။မနေ့ကလည်း အဲဒီနားမှာရှိတဲ့ ဆန်စက်တစ်လုံးကိုလည်း စက်နှိုးလို့ လှမ်းပစ်သေးတယ်။အထိအခိုက်တော့ မရှိဘူး” ဟုပြောသည်။
ယမန်နေ့ ဒီဇင်ဘာ ၅ ရက်ကလည်း အဆိုပါတပ်က လမ်းသွားလမ်းလာများကိုသေနတ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်ဟု သိ၇သည်။
စစ်ကောင်စီတပ်သည် မင်းပြားမြို့ထဲရှိ ရဲစခန်းရှေ့၊ကိုးရီးယားလမ်းဆုံ၊ မင်းကန်နှင့် မြောင်းဘွေလမ်းတို့တွင်လည်း မကြာမကြာပစ်ခတ်မှုများရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။
မင်းပြားမြို့တွင်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြ
လက်ရှိတွင် မင်းပြားမြို့ခံအများစုမှာ