(မိုင်းဆွဲခံ၇ပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်နေ)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယနေ့ နံနက်က မိုင်းဆွဲတိုက်ခိုက်ခံ၇၍စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ၇သွားကြောင်း ဒေသခံများကပြောကြသည်။
ယနေ့ ဒီဇင်ဘာ ၆ ရက် နံနက် ၁၁နာရီခန့်တွင် မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေ လမ်းဆုံအနီးတွင် စစ်ကောင်စီတပ်သားများကိုအေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးရှိကြောင်းအမည်မဖော်လိုသူတစ်ဦးက ပြောသည်။
"ကျောက်ရာဇ်ကေ လမ်းဆုံနားမှာမနက်က စစ်တပ်မိုင်းဆွဲခံရတယ်။ မိုင်းဆွဲခံရတဲ့အချိန်မှာလည်း ကျောက်ရာဇ်ကေ လမ်းဆုံကသေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေရှိခဲ့ပါသေးတယ်။ မိုင်းဆွဲခံ၇လို့ စစ်သား ၄ယောက်လောက်သေပြီး ဒဏ်ရာ၇သွားတာ ၆ ယောက်ရှိတယ်" ဟု ပြောသည်။
ယခုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) ပြောခွင့်၇သူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မြောက်ဦးရှိ စစ်ကောင်စီတပ်ရင်းများကညနေ ၃ နာရီကျော်တွင် လက်နက်ကြီးများပစ်ခတ်နေပြီး ငွေတောင်ပေါက်နှင့် ကျောက်ရာဇ်ကေလမ်းဆုံတို့မှလည်း လက်နက်ငယ်ပစ်ခတ်မှုများရှိနေသည်ဟု နောက်ထပ်မြို့ခံတစ်ဦးကပြောသည်။
"အခုမြို့ထဲမှာ စစ်ကြောင်း လှည့်နေပါတယ်။ ကျနော်တို့ရှေ့ကဖြတ်သွားတာက စစ်သား ၅၀ လောက်ရှိတယ်။ သူတို့ ခွဲပြီး လှည့်လည်တာမျိုးရှိပါတယ်။အခုထိပစ်နေတုန်းပါ။ ဒီ ၃ ရက်အတွင်းမှာ ဒီနေ့က ပစ်ခတ်မှုအများဆုံးပါ" ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မြောက်ဦးမြို့အတွင်းလက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ ဆက်တိုက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။
ယမန်နေ့ကလည်း မြို့ကိုလှည့်ပတ်ကာ ပစ်ခတ်မှုများရှိခဲ့ကြောင်း မြို့ခံများက ပြောကြသည်။
ဓာတ်ပုံ - ပေးပို့