ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ဈေးတောင်ရပ်ကွက်နေ “Nilar Aung” facebook အကောင့်ပိုင်ရှင် တင်နီလာအောင်(ခ) မီးငယ်အားစစ်ကောင်စီက ဒီဇင်ဘာ ၆ ရက်နေ့က ဖမ်းဆီးသွားသည်ဟုသတင်းရရှိသည်။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ယက်စာမျက်နာပေါ်၌ လှုံ့ဆော်ခြင်း ဝါဒဖြန့်မှုများ ပြုမှုလုပ်ဆောင်ခဲ့သည်ဟုဆိုကာ မွန်းလွဲ ၃ နာရီ၄၅ မိနစ်တွင် ၎င်းအကောင့်ပိုင်ရှင်အား ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီပိုင်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်တွင်စစ်ကောင်စီ မကောင်းကြောင်း ဝေဖန် ရေးသားနေသူများအား အများပြည်သူအထိတ်တလန့်ဖြစ်စေရန် မဟုတ်မမှန်သတင်းများကို ဖြန့် ချိရေးသားနေသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးမှုများရှိနေကြောင်း သိ၇သည်။
၇ခိုင်ပြည်နယ်၊စစ်တွေမြို့မှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးပြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်သည်ဟု သိရသည်။
၎င်းတို့နှစ်ဦးမှာ စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်မှမစောခင်အေး(ခ) အဘုနှင့် လမ်းမတော် မြောက်ရပ်ကွက်မှ ကိုကျော်နိုင်လင်းတို့ဖြစ်ကြသည်။
စစ်ကောင်စီတပ်၏ဒေသခံအပြစ်မဲ့ ရခိုင်ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ မြို့ပေါ်ရပ်ကွက်လူနေကျေးရွာများပါ မကျန် ကြည်းရေလေ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း စသည့် လူမဆန်သော လုပ်ရပ်များ ကျူးလွန်နေပြီး ယင်းလုပ်ရပ်များ အပေါ် သတင်းရေးသား ဖော်ပြနေသည့် ရခိုင်အခြေစိုက်သတင်းဌာနများကိုလည်း အမှုဖွင့် တရားစွဲဆိုထားသည်ဟု သတင်းရရှိသည်။( NN-30)