သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

စစ်တွေ အေးငြိမ်းပုဂ္ဂလိကဆေးရုံမှ ဝန်ထမ်းနှစ်ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

စစ်တွေမြို့၊ကျေးပင်ကြီးရပ်ကွက်အေးငြိမ်းဆေးရုံမှ အမျိုးသားဝန်ထမ်းနှစ်ဦးကို ယမန်နေ့ ဒီဇင်ဘာ ၇ရက်  ည ၁၀နာရီ အချိန်ခန့်ကစစ်‌ ကောင်စီ ဖမ်းဆီးသွားသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" မနေ့ကည  သူတို့ကကွမ်းသွားဝယ်ကြတာ။ အဲ့ဒီချိန်က ညကစစ်တွေမှာ သေနတ်ပစ်ခတ်သံတွေ ထွက်ခဲ့တဲ့အချိန်။ အပြစ်မရှိဘဲဖမ်းသွားတာ။ မြင်တဲ့လူကိုဆွဲခေါ်သွားတာ" ဟုပြောသည်။

လက်ရှိတွင်အဆိုပါဝန်ထမ်းနှစ်ဦးကို စစ်တွေမြို့မ အမှတ်(၁)ရဲစခန်းတွင်ထိန်းသိမ်းထားသည်ဟု ရဲစခန်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

" ခုအမှတ်(၁)ရဲစခန်းမှာထိန်းသိမ်းထားတယ်လို့သိရတယ်" ဟုပြောသည်။

ယမန်နေ့ဒီဇင်ဘာ ၇ရက်နေ့ည ၁၀နာရီခန့်ကစစ်တွေမြို့ လမ်းမများပေါ် နေရာ ၃ လေးခုလောက်က ညအချိန် သေနတ်ပစ်ခတ်သံများကို ကြားခဲ့ရကြောင်း မြို့ပေါ်နေသူများက ပြောသည်။

ရခိုင်တွင် တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာ၁၃ရက်မှဒီဇင်ဘာ၅ရက်နေ့ထိ စစ်ကောင်စီ၏ မတရား ဖမ်းဆီးမှုခံရသည့် အပြစ်မဲ့ပြည်သူ ၁၂၀ နီးပါး ရှိလာနေပြီဖြစ်သည်။(NN-11)

ဆက်စပ် သတင်းများ