Preview

ပလက်၀မြို့ ပြည်သူ့ဆေးရုံကြီးခြံဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရ

ဒီဇင်ဘာ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :1231
ရခိုင် သတင်း

ယနေ့နံနက်က ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ပြည်သူ့ဆေးရုံကြီး ခြံဝင်းအတွင်းသို့ စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျတစ်လုံးကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ၆ နှစ်(သို့မဟုတ်)  ရနှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း  ဒေသခံများက ပြောသည်။

ပလက်၀အခြေစိုက် ခလ၇ (၂၈၉) တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မြို့မရပ်ကွက်ရှိ ဆေးရုံကြီးအနီးရှိဝန်ထမ်းဆောင်အတွင်းသို့ ယနေ့ ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၁ နာရီခန့်က ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ပလက်၀မြို့ဒေသခံများက ပြောသည်။

"ဆေးရုံကြီးထဲက ဝန်ထမ်းအိမ်ရာမှာကျတာပါ။ ဝန်ထမ်းအဆောင် အမိုးပွင့်ထွက်သွားပါတယ်။  ၂၈၉ တပ်ကနေ စစ်ပွဲဖြစ်တဲ့ နေရာတွေကို တပ်ကူပစ်ပေးနေတာပါ။ အဲဒီလိုပစ်တဲ့အခါမှာ မြို့ထဲကို ကျလာတာပါ" ဟု ပလက်၀မြို့ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်ဒဏ်ရာမှာ ဒဏ်ရာပြင်းထန်ပြီး နောက်ထပ် ဒဏ်ရာရသူ များများစားစားမရှိဟုလည်း ကနဦးကြားသိထား၇ကြောင်း ပလက်၀မြို့ခံတစ်ဦးက ပြောသည်။

"RPG ကျတာလို့သိရတယ်။ ထိခိုက်ဒဏ်ရာရရှိသူကတော့ များများစားစား မရှိသေးဘူး။ ဆေးရုံအနောက်ဘက်က ဝန်ထမ်းအိမ်ရာမှာ ကျတာပါ။ မြို့ပေါ်အနေအထားမှာကျတဲ့အခါတော့ စိုးရိမ်စရာရှိတယ်ပေါ့နော်။ အရင်တုန်းကတော့ ဒီလို မြို့ပေါ်မှာလာကျတာတော့ မရှိဘူး" ဟု ပြောသည်။

အဆိုပါ ပလက်၀မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လက်နက်ကြီးကျည် ကျရောက်မပေါက်ကွဲခင်တွင် ပလက်၀မြို့အခြေစိုက် ခလ၇ ၂၈၉ တပ်ရင်းက လက်နက်ကြီးများဖြင့် နာရီဝက်အကြာ ပစ်ခတ်မှုများပြုလုပ်လျက်ရှိပြီး ဆေးရုံဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက်တွင် လက်နက်ကြီးပစ်ခတ်သံများ ရပ်တန့်သွားကြောင်း ဒေသခံများကပြောသည်။

ပလက်၀မြို့နယ်အတွင်းရှိ ထရွန်အိုင်ဗျူဟာကုန်းကို ဒီဇင်ဘာလ ၄ ရက်က ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းတွင် အခြားဗျူဟာကုန်း တစ်ခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းကိုလည်း သိမ်းပိုက်ရရှိရန်အတွက် AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲထဲက လက်နက်ကြီးသံများ၊ လေယာဉ် ဗုံးကြဲချသံများကို ပလက်၀မြို့ပေါ်ကပါ ကြားနေ၇သည်ဟု ဆိုသည်။ (NN-8)

Photo- google

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.