Preview

မြန်မာနိုင်ငံရှိထောင်များမှ စစ်ဘက်၊ ရဲဘက်ပြေး ထောင်သားများကို စစ်မှုထမ်းရန် ခေါ်ထုတ်နေ

ဒီဇင်ဘာ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :1215
ရခိုင် သတင်း

(စစ်တွေထောင်မှ စစ်ဘက်၊ ရဲဘက်ပြေးထောင်သား ၁၀၀ ခန့်ကိုလည်း ခေါ်ထုတ်သွားဟုဆို)

စစ်ကောင်စီသည် ခွင့်မဲ့ပျက်ကွက်နေသူများနှင့် တပ်ထဲမှ ထွက်ပြေးနေသူများကို စစ်မှုထမ်းရန် အမိန့်စာထုတ်ပြီး ခေါ်ယူနေရာ ရန်ကုန် အင်းစိန်ထောင်နှင့် ရခိုင်ပြည်နယ် စစ်တွေထောင်မှ စစ်ပြေးနှင့်ရဲပြေး ထောင်သားများကို ယခုလ ရ ရက်နေ့က အပြင်သို့ ခေါ်ထုတ် သွားသည်ဟု သတင်းရရှိသည်။

ယခုလ ရရက် နေ့လယ်က  အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် စစ်ပြေးနှင့် ရဲပြေး အတော်များများကို ကား (ရ)စီးဖြင့် ခေါ်ထုတ်သွားသည်ဟု သိ၇သည်။

 

အလားတူ စစ်တွေမြို့ရှိ အကျဥ်းထောင်အတွင်းမှ စစ်ပြေးနှင့် ရဲပြေး ထောင်သား ၁၀၀ ခန့်ကို စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်ခိုင်းရန်အတွက် အပြင်သို့ ခေါ်ထုတ်သွားကြောင်း ထောင်နှင့်နီးစပ်သူများက ပြောဆိုသည်။

သူတို့ကို ဒီဇင်ဘာ ရ ရက်၊ နေ့လယ်က စစ်ကားများဖြင့် ခေါ်ဆောင်သွားသည်ဟု စစ်တွေအကျဉ်းထောင်နှင့်နီးစပ်သည့်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ထောင်သားတွေက စစ်ပြေးတွေပါ။ သူတို့က ဘယ်သူဘယ်ဝါမှန်းတော့ မသိဘူး။ ထောင်ထဲကနေ စစ်တပ်ကိုပို့တာ။ စစ်မှုပြန်ထမ်းခိုင်းဖို့ ခေါ်ထုတ်သွားတာလို့ သိရပါတယ်" ဟုပြောသည်။

သူတို့ အထဲတွင် မုဒိမ်းမှုများ၊ စစ်ဘက်ဆိုင်ရာ ပြစ်မှုကြီးများဖြင့် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသူများ၊ သေဒဏ်ချမှတ်ခံထားရသူများလည်း ပါဝင်သည်ဟု သိရသည်။

စစ်တပ်ထဲဝင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုသည့် မက်လုံးဖြင့် ယခုကဲ့သို့ခေါ်ဆောင်သွားခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုကြသည်။

သူတို့ကို စစ်တွေ ခလ၇ (၂၀)သို့ခေါ်ဆောင်သွားသည်ဟုလည်း မြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

"သူတို့ကို စစ်တွေခလ၇ ၂၀ ကိုပို့လိုက်တယ်။ ဒါကတော့ သူတို့မှာ အင်အားနည်းနေတော့ ဒီလူတွေကိုအသုံးချမှာပဲလေ" ဟုပြောသည်။

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသား အကျဉ်းသူပေါင်း ၂၀၀၀ ခန့်ရှိသည်ဟု ထောင်တွင်းနှင့်နီးစပ်သူများက ပြောသည်။

စစ်ကောင်စီသည် ထွက်ပြေးနေသည့် တပ်ပြေးများအနေဖြင့် စစ်တပ်ထဲ ပြန်လည်ဝင်ရောက်လိုပါက သာမန်ခွင့်ပျက်သည့် သဘောဖြင့် ပြန်လည်လက်ခံမည်ဟု ဒီဇင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။(NN-11) 

ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.